အူဘာမီယန်းကို ပြန်ကစားခွင့်ပြုရန် အချိန်တစ်ခုလိုအပ်ကြောင်း အာဆင်နယ်နည်းပြပြော

တိုက်စစ်မှူး အူဘာမီယန်းကို အသင်းလူစာရင်းမှာပြန်ခေါ်ပြီး ပွဲကစားခွင့်ပေးဖို့အတွက် အချိန် တခုလိုအပ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းဟာ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကို ပြုစုဖို့ ပြင်သစ်ကိုသွားခဲ့ရာမှာ အချိန်မီပြန် မရောက်ခဲ့တာကြောင့် အပြစ်ပေးခံခဲ့ရတာပါ။
အဲဒီအပြစ်ကြောင့် အသင်းခေါင်းဆောင်ရာထူးကိုရုပ်သိမ်းခဲ့ပြီး အသင်းနဲ့လည်း ပူးပေါင်းလေ့ ကျင့်ခွင့်မပြုဖို့ နည်းပြအာတီတာနဲ့ အသင်းတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့တာပါ။
မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အူဘာမီယန်းကို ပြန်လည်ကစားခွင့်ပြုဖို့က အချိန်တစ်ခုလိုအပ်ပြီး ဒီကနေ့ညမှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ပါဝင်မှာမဟုတ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင်သစ်ကို ခန့်အပ်ဦးမှာမဟုတ်ဘဲ မူလကတည်းက သတ်မှတ်ထားတဲ့ ဒုတိယအသင်းခေါင်းဆောင် လာကာဇက်က အသင်းခေါင်းဆောင်အနေနဲ့ ပြောင်းလဲတာဝန်ယူသွားမယ်လို့ အာတီတာက ပြောသွားပါတယ်။