close

ရှောင်တာနယ်လ်အမှု ဆက်စစ်ဆေး၊ ရဲမှူး ၁ ဦး တရားလိုပြသက်သေအဖြစ်ထွက်ဆို

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်ရှောင်တာနယ်လ်ကို  စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)နဲ့ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတဲ့အမှု  ဇန်နဝါရီ ၂၀ ရက်မှာ  ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

တရားရုံးနဲ့နီးစပ်သူတစ်ဦးက “ရုံးချိန်းမှာ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ပုဒ်မနဲ့ပတ်သက်ပြီး  တရားလိုပြ သက်သေအဖြစ် ရဲမှူးအောင်ကျော်ဆန်းကို စစ်ဆေးခဲ့တယ်။ စစ်ဆေးတာ မပြီးလို့ နောက်အပတ်ကို ပြန်ချိန်းလိုက်တယ် ” လို့ ပြောပါတယ်။

ဒီအမှုအတွက် တရားလိုပြသက်သေ သုံးဦး စစ်ဆေးဖို့ ကျန်သေးတယ်လို့လည်းပြောပါတယ်။ နောက်ရုံးချိန်းကို ဇန်နဝါရီ ၂၇ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပြီး လ၀က အက် အမှုကိုပါ ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။

ရှောင်တာနယ်လ်အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up