close

သြစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနယ်လ်ကို နေပြည်တော်တရားရုံးတွင် ပြောင်းလဲရုံးထုတ် စစ်ဆေးမည်

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီး တရားစွဲဆိုခံ ထားရတဲ့ သြစတြေးလျ စီးပွားရေးပညာရှင်လည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပါမောက္ခ ရှောင်တာနယ်လ်ကို ရုံးတင်စစ်ဆေးမယ့်နေရာကို ပြောင်းလဲဖို့ မြန်မာတရားရုံးက သဘောတူလိုက်တယ်လို့ ရှေ့နေတွေက ပြောတဲ့အကြောင်း အေပီသတင်းမှာ ဖော်ပြပါတယ်။ 

မစ္စတာ ရှောင်တာနယ်လ်ဟာ စစ်တပ်အာဏာစသိမ်းကတည်းက ဖမ်းဆီးခံထားရပြီး မတ်လမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အစိုးရ၀န်ကြီးဟောင်း သုံးဦးတို့နဲ့အတူ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့  တရားစွဲခံထားရတာပါ။ 

တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်အရ  ရှောင်တာနယ်လ်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ နေပြည်တော်ကို တရားခွင်ကိုရွှေ့ပြောင်းမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက ပြောပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့အမှုတွေ အများစုကို တနေရာတည်းမှာပဲ တစုတစည်းတည်း ဖြစ်သွားစေမှာပါ။

စစ်တပ်ရဲ့အမိန့်အတိုင်း လုပ်ဆောင်ရတဲ့ အမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာကျဆင်းစေဖို့နဲ့ နိုင်ငံရေးထဲကို ပြန်ဝင်မလာအောင်ကြိုးပမ်းမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်နေရတာပါ။

သြစတြေးလျပညာရှင်  ရှောင်တာနယ်လ်ဟာ  နိုင်ငံရဲ့လျှို့ဝှက် ဘဏ္ဍာရေးအချက်အလက်တွေကို ယူပြီး နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ကြေညာချက်တွေကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပေမယ့်လည်း မစ္စတာ ရှောင်တာနယ်လ်နဲ့  တခြားသူတွေကို စွပ်စွဲထားတဲ့ အသေးစိတ်အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

REF & photo Credti- AP

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up