close

အိုမီခရွန် ထိန်းချုပ်ရန် နယူးဇီလန်ဝန်ကြီးချုပ်၏ မင်္ဂလာပွဲ ဖျက်သိမ်း

နယူးဇီလန်မှာ ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန်ကူးစက်မှုကို ထိထိရောက်ရောက် ထပ်မံထိန်းချုပ်ဖို့ ဝန်ကြီးချုပ် ဂျဆင်ဒါအာဒန်းက သူ့ရဲ့ မင်္ဂလာပွဲကိုလည်း ဖျက်လိုက်တယ်လို့ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

နယူးဇီလန်မှာ စားသောက်ဆိုင်တွေ ဘားတွေနဲ့ ညထွက်ချိန်တွေကို  ကန့်သတ်မှု ပြန်လုပ်ထားပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အိုမီခရွန် ကူးစက်ခံရသူ အယောက် ၇၀  ရှိပါတယ်။ 

ဝန်ကြီးချုပ်က အော့ကလန်မြို့မှာ  စီစဉ်ထားတဲ့ သူရဲ့ မင်္ဂလာအခမ်းအနားကိုလည်း ဖျက်သိမ်းခဲ့ပြီး မိသားစုနဲ့အတူ နယ်လ်ဆင်မြို့ကို ပြန်ခဲ့တယ်လို့ ပြောပါတယ်။

နယူးဇီလန်ဟာ Zero Covid-19 စံပြအစီအစဉ်အတွက် ၂၀၂၀ မတ်လကတည်းက နိုင်ငံခြားသား ဝင်ရောက်မှု ပိတ်ပင်ထားတာပါ။ 

အသက် ၁၂ နှစ်အထက် လူ ၉၄ ရာခိုင်နှုန်း ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီး booster ထိုးပြီးသူ ၅၆ ရာခိုင်နှုန်း ရှိပါတယ်။ 

ဒါပေမဲ့ ဇန်နဝါရီလလယ်မှာ ကန့်သတ်မှုတွေ ဖြေလျှော့ပေးပြီးနောက် အိုမီခရွန် ကူးစက်ခံရသူ ၁၀၀၀ ကျော် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up