close

လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရပြီးနောက် ချင်းလူမျိုးထောင်ချီ အိန္ဒိယဘက် ထွက်ပြေး

လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ပေးဖို့ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ချင်းတိုင်းရင်းသားတွေက ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။

အခုလအတွင်း လူ ၁၀ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီးနောက်မှာ ထောင်နဲ့ချီတဲ့ ချင်းလူမျိုးတွေဟာ သူတို့ရဲ့ ဇာတိမြေကနေ အိန္ဒိယနိုင်ငံကို ထွက်ပြေးလာကြခဲ့ကြရတာပါ။

ချင်းပြည်နယ်မှာ လူပေါင်းထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးနောက် အိန္ဒိယအရှေ့မြောက်နယ်စပ်ကိုဖြတ်ကာ မီဇိုရမ်ပြည်နယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတာလို့ NGO များ ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။

ချင်းလူမျိုး ၁၀၀၀ ကျော်ဟာ သူတို့ရဲ့ရွာတွေကို စွန့်ခွာပြီး မီဇိုရမ်ပြည်နယ် လန်လိုင်ခရိုင်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ တခြားသူတွေကတော့ ပြောင်းရွှေ့နေဆဲဖြစ်ပြီးတော့ လာမယ့်သီတင်းပတ်တွေအတွင်းမှာ ထပ်ရောက်လာမယ့်သူတွေ ပိုများလာမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

“သူတို့ အိန္ဒိယနိုင်ငံ ရောက်တာနဲ့ ဘေးကင်းကင်း ရောက်ရှိလာဖို့အပြင် အခြေခံအရင်းအမြစ်တွေ လိုအပ်နေတဲ့သူတွေ အများကြီးရှိပါသေးတယ်။ လူတွေက သူတို့ဝတ်ထားတဲ့အဝတ်အစားကလွဲလို့ ဘာမှ ပါမလာကြဘူး” လို့ NGO  ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။ 

အိပ်စရာနဲ့ စားစရာတွေက အကန့်အသတ် ရှိနေလို့ အေးတဲ့ရာသီမှာလည်း သူတို့ မြေကြီးပေါ် ဒီတိုင်းအိပ်နေရတယ်၊ အခုအရေးပေါ်အခြေအနေဖြစ်ပြီး ၏နယ်စပ်ဖြတ်ကျော်ဖို့ အရေးကြီးကြောင်းနဲ့ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာပါလို့လည်း ဆိုပါတယ်။

ဇန်နဝါရီ ၇ ရက်က ကျေးရွာတွေအကြား ခရီးသွားလာနေကြတဲ့ ချင်းလူမျိုး ၁၀ ဦးကို မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း မတူပီမြို့နေ ပြည်သူတွေ ပြောပြကြပြီးနောက်မှာ လူအစုလိုက်အပြုံလိုက် တိမ်းရှောင်လာတာလို့ ဆိုပါတယ်။ 

သေဆုံးသူတွေထဲမှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်တဲ့ လနန်လည်း ပါဝင်ပြီး မျက်မြင်သက်သေတွေရဲ့ သေဆုံးသူတွေရဲ့ အလောင်းတွေကို အပိုင်းပိုင်းဖြတ်ကာ လမ်းဘေးမှာ ပစ်ချခဲ့တယ်လို့ NGO အဖွဲ့တွေက ပြောပါတယ်။

ဒီဖြစ်ရပ်ကစပြီး မြန်မာစစ်တပ်ရဲ့ စစ်သားတွေက မတူပီမြို့မှာ အထူးသဖြင့် ညဘက်တွေမှာ တအိမ်တက်ဆင်း နိုင်ငံရေးလှုပ်ရှားမှု သံသယနဲ့ လူတွေကို ဖမ်းဆီးသတ်ဖြတ်နေကြောင်းနဲ့ လူတွေဟာ အကြောက်တရားနဲ့ နေ နေရကြောင်းလည်း ဆိုပါတယ်။

လူအများစုက မတူပီမြို့နယ်ကနေ ထွက်ခွာသွားကြကြောင်းနဲ့ ငလိန်ရွာလိုမျိုး တချို့ရွာတွေက အခု လုံးဝ လူသူကင်းမဲ့သွားပြီ ဖြစ်ကြောင်း ပြောပါတယ်။

အိန္ဒိယမှာ ချင်းလူမျိုး ၆ သောင်းလောက် နေထိုင်ကြပြီး ချင်းဒုက္ခသည် ၂ သောင်းကျော် မလေးရှားမှာ ရှိနေတာပါ။ မြောက်အမေရိက၊ ဥရောပ၊ သြစတြေးလျနဲ့ နယူးဇီလန်တို့မှာလည်း ထောင်နဲ့ချီတဲ့ ချင်းလူမျိုးတွေ အခြေချနေထိုင်နေကြပါတယ်။ 

ကိုးကား- UCA News 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up