အိန္ဒိယတွင် ရထားလမ်းချော်သဖြင့် သေဆုံးသူ ၉ ဦး ရှိလာ

အိန္ဒိယနိုင်ငံအရှေ့ပိုင်းက အနောက်ဘန်ဂေါပြည်နယ်မှာ ခရီးသည်တင်ရထားတစီး လမ်းချော်လို့ သေဆုံးသူဦးရေ ၉ ဦး ရှိသွားပြီလို့ အာဏာပိုင်တွေက ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။
ဂျယ်ပိုင်ဂူရီခရိုင် မွိုင်နာဂူရီ ဘူတာရုံနားမှာ ရထားတွဲ ၇ တွဲ လမ်းချော်ခဲ့တာလို့ အကြီးတန်း အစိုးရအရာရှိ တယောက်က ပြောပါတယ်။
ရထားလမ်းချော်နေတဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပြီး ပျက်ကျနေတဲ့ ရထားတွဲတွေထဲမှေ ပိတ်မိနေတဲ့ ခရီးသည်တွေကို ဝန်ချီစက်တွေရဲ့ အကူအညီနဲ့ ဖယ်ရှား ကယ်ထုတ်နေပါတယ်။
ဒဏ်ရာရသူ ၃၆ ယောက်ကို ဆေးရုံတင်ထားတယ်လို့ အရှေ့မြောက်ပိုင်း ရထားလုပ်ငန်း မန်နေဂျာချုပ် အန်ရှု ဂုပတားက ပြောပါတယ်။
မတော်တဆဖြစ်ရတဲ့ အကြောင်းရင်း အသေးစိတ်ကို အာဏာပိုင်တွေက မပြောသေးပါဘူး။
အစိုးရပိုင် အိန္ဒိယရဲ့ရထားလုပ်ငန်းဟာ အိုမင်းဟောင်းနွမ်းနေတဲ့ အခြေခံအဆောက်အအုံတွေ ကြောင့် ဘေးကင်းရေး စံချိန်စံညွှန်းတွေ လစ်ဟာနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြ ထားပါတယ်။