close

အာဆင်နယ်အသင်း ကစားသမားများကို ခွင့်လွှတ်မပေးတတ်ဟု အဒီဘာယော ဝေဖန်

အာဆင်နယ်အသင်းဟာ ကစားသမားတွေအပေါ်မှာ ခွင့်လွှတ်ပေးတတ်တဲ့ အသင်းမဟုတ်ဘူးလို့ တိုက်စစ်မှူးဟောင်း အဒီဘာယောက ဝေဖန်သွားပါတယ်။ 

တိုက်စစ်မှူး အူဘာမီယန်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရာမှာ အာဆင်နယ်အသင်းကိုပဲ အဒီဘာယောက ဝေဖန်ခဲ့တာပါ။ 

ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့လပိုင်းက အသင်းကနေ ခွင့်ယူပြီး အချိန်မီ ပြန်မရောက်တဲ့အပေါ် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံရပြီး အသင်းနဲ့အတူ လေ့ကျင့်ခွင့်လည်း မရရှိတော့တာ ဖြစ်ပါတယ်။ 

တိုဂိုတိုက်စစ်မှူးဟောင်း အဒီဘာယောကတော့ သူအာဆင်နယ်မှာကစားစဉ်ကလည်း အူဘာနဲ့ ဖြစ်ရပ်ချင်မတူပေမယ့် ပြဿနာတစ်ခုဖြစ်ခဲ့ရာမှာ အာဆင်နယ်အသင်းက ခွင့်လွှတ်မပေးခဲ့ဘူးလို့ ဆိုပါတယ်။ 

“အာဆင်နယ်အသင်းက ဘယ်လိုခွင့်လွှတ်ပေးရမလဲဆိုတာ ဘယ်တုန်းကမှမသိခဲ့ဘူး။ ဒါကြောင့် အူဘာအနေနဲ့ အများကြီးစိတ်ပျက်ရလိမ့်မယ်။ သူက နှစ်သက်စရာကောင်းတဲ့ ကစားသမားဖြစ် ပြီး အကောင်းဆုံးတွေ ဖြစ်ပါစေလို့ သူ့ဆီကို မက်ဆေ့ပို့ပေးခဲ့ပြီးသားပါ” လို့ အဒီဘာယောက ပြောပါတယ်။ 

အဒီဘာယောဟာ အာဆင်နယ်နဲ့အဆင်မပြေဖြစ်ခဲ့ပြီးနောက် မန်စီးတီးဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းဟောင်းနဲ့ပွဲမှာ ဂိုးသွင်းပြီး အကြီးအကျယ်အောင်ပွဲခံခဲ့လို့ အာဆင်နယ်ပရိသတ်တွေက အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up