close

ကရင်နီစစ်ဘေးရှောင် အသက် ၉၈ နှစ်အရွယ် အဘွားအိုကွယ်လွန်

ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြိုတွင်း တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားမြို့ကို နေရပ်စွန့်ခွာ တိမ်းရှောင်လာခဲ့တဲ့  အသက် ၉၈ နှစ်အရွယ် အဘွားအို တဦး ဇန်နဝါရီ ၂၅ ရက် ဒီကနေ့ နောင်တရားမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ 

ကွယ်လွန်သွားတဲ့ အဘွားဒေါ်တင်အေးဟာ  လူကြီးရောဂါနဲ့ သေဆုံးသွားတာဖြစ်ပြီး နောင်တရားမြို့ကို စစ်ဘေးရှောင်လာတာဟာ ၁၃ ရက် မြောက်နေ့မှာ ကွယ်လွန်သွားတာလို့ နောင်တရား ဒေသ လူငယ်များ ပရဟိတအဖွဲရဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

အဘွား ဒေါ်တင်အေးရဲ့ ကျန်ရှိနေသေးတဲ့ ရုပ်အလောင်းကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီ မှာ နောင်တရား သုသာန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ပြီး နာရေးကိစ္စအားလုံးကို နောင်တရားဒေသ လူငယ်များ ပရဟိတ အဖွဲက ကုသိုလ်ယူဆောင်ရွက်ပေးမှာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up