close

ကျွန်းစု အန်အယ်လ်ဒီအမတ်ကို တရားရုံးကဆင့်ခေါ်၊ မလာရောက်ပါက ပိုင်ဆိုင်မှုသိမ်းမည်ဟု ခြိမ်းခြောက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ထွန်းကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ  ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားပြီး ရက်ပေါင်း ၃၀ အတွင်း တရားရုံးကိုမလာရင် နေအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေသိမ်းမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။

ကျွန်းစုမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ဦးအောင်မြတ်ထွန်းရဲ့ နေအိမ်ကို တရားရုံးတာဝန်ရှိသူတွေ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းကရောက်လာပြီး ဆင့်ခေါ်စာကပ်သွားတာဖြစ်ပြီး စာထဲမှာတော့ တရားရုံးကိုမလာရင်  ပိုင်ဆိုင်မှုတွေကို ဥပဒေကြောင်းလမ်းအရ ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ ဖော်ပြထားတာပါ။ 

အပြစ်တစ်စုံတစ်ရာလုပ်ထားတာမရှိသလို စစ်ကောင်စီလက်အောက်က တရားစီရင်ရေးကို အယုံအကြည်မရှိတဲ့အတွက် သွားရောက်ဖြေရှင်းမှာမဟုတ်ဘူးလို့  ဦးအောင်မြတ်ထွန်းရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။  

ဦးအောင်မြတ်ထွန်းရဲ့မိသားစုဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ မိသားစုလိုက် ဘေးလွတ်ရာကို ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။

ကျွန်းစုမြိုနယ်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဋ္ဌဦးအောင်မြတ်ထွန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမှတ် ၁ မဲဆန္ဒနယ်ကနေ  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိသူ ဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီး ၁၀ ရက်လောက်အကြာ ဖေဖော်ဝါရီလအတွင်းမှာပဲ ဦးအောင်မြတ်ထွန်းနေအိမ်ကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up