၇၃ နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံနေ့ စစ်ရေးပြအခမ်းအနား ကျင်းပ

ဇန်နဝါရီ ၂၆ ရက်နေ့ ကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့ ၇၃ နှစ်မြောက် သမ္မတနိုင်ငံနေ့ စစ်ရေးပြအခမ်းအနားကို သမ္မတ ရမ်နတ်ကိုဗင်းဒ်နဲ့ ဝန်ကြီးချုပ် နရန်ဒရာမိုဒီတို့ ဂုဏ်ပြုတက်ရောက်ခဲ့ပါတယ်။
အိန္ဒိယဟာ ၁၉၄၇ မှာ လွတ်လပ်ရေးရရှိခဲ့ပေမဲ့ ၁၉၅၀ ဇန်နဝါရီ ၂၆ ရက်ကျမှ အိန္ဒိယအခြေခံဥပဒေကို စတင် အတည်ပြုနိုင်ခဲ့တာပါ။
အဲဒီနေ့မှာ ဗြိတိသျှတို့ ရေးဆွဲခဲ့တဲ့ ၁၉၃၅ ခုနှစ် အိန္ဒိယအက်ဥပဒေကို ဖျက်သိမ်းခဲ့ပြီး ကိုယ်ပိုင်အခြေခံဥပဒေသစ်နဲ့ သမ္မတနိုင်ငံနေ့ (Republic Day) လို့ ခေါ်တွင်စေခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် တက်ရောက်သူအရေအအတွက် ကန့်သတ်ထားပေမဲ့ အိန္ဒိယ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေနဲ့အတူ စစ်ရေးပြအခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။
ဝန်ကြီးချုပ်မိုဒီက အမျိုးသား စစ်သည်ဗိမာန်မှာ ကျဆုံးသူတွေကို လွမ်းသူပန်းခွေချခဲ့ပါတယ်။