close

ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီအမြန်ရေယာဉ် တိုက်ခိုက်ခံရ

ချင်းတွင်းအမြစ်ဆန်တက်လာတဲ့ စစ်ကောင်စီအမြန်ရေယာဉ် ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ခင်းပိုင်းက စစ်ကိုင်းတိုင်း ကနီမြို့နယ် မျှိုင်းရွာနဲ့ချမ်းသာစုရွာကြားမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

KLG PDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “ပွဲကတော့လှတယ်ဗျ။ ဒီကောင်တွေ ကျနော်တို့ ကနီမြိုနယ်ထဲဝင်လာကတည်းက အပစ်ခံနေရတာ။ ဒီနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တစ်ရက်တည်းနဲ့ ၄ ကြိမ်အပစ်ခံရတာ။ သေဆုံးမှုကတော့ အတိအကျပြောလို့မရဘူး။ မြစ်ကမ်းအရှေ့ဘက်၊ အနောက်ဘက်ကနေ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ညှပ်ပစ်ကြတာ” လို့ ‌ ဒီဗွီဘီကို ပြောပါတယ်။

ချင်းတွင်မြစ်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၅ ဦးထက်မနည်း ကျဆုံးပြီး ဒေသခံကာကွယ်ရေးတပ်ဘက်က အထိအခိုက် အကျဆုံးမရှိဘူးလို့ ဒေသတွင်းပြည်သူကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့က ကနီမြို့နယ်၊ မဲဒင်ကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး  တောတဲ ၈ လုံးကို မီးရှို့ခဲ့သလို ကျေးရွာအတွင်းက လူနေအိမ် ၁၀ လုံးရဲ့ အမိုးသွပ်တွေကို ဆန်ကာပေါက်ဖြစ်အောင် သေနတ်တွေနဲ့  ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up