close

ကမ်းလှမ်းမှုများအားပယ်ချခဲ့သည့် မန်ယူအသင်းကို လင်ဂတ် စိတ်ဆိုးဒေါသထွက်နေ

ပြိုင်ဘက်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို လက်မခံခဲ့တဲ့ ယူနိုက်တ်အသင်းကို ဂျက်စီလင်ဂတ်က စိတ်ဆိုးဒေါသထွက်နေတယ်လို့ သိရပါတယ်။ 

လင်ဂတ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့အတွက် နယူးကာဆယ်၊ စပါးနဲ့ ဝက်စ်ဟမ်းအသင်းတွေက ကမ်းလှမ်းခဲ့ပေမယ့် မန်ယူအသင်းဘက်က အငှားစာချုပ်ကြေးနဲ့အတူ ပေါင် ၁၂ သန်းလည်း အလိုရှိနေတာကြောင့် အဆင်မပြေဖြစ်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ လင်ဂတ်အတွက် အငှားစာချုပ်ကြေး ပေါင် ၂ ဒသမ ၅ သန်းရရှိ ဖို့လိုလားနေပြီး ပေါင် ၁၂ သန်း ဆုကြေးရဖို့လည်း ဆန္ဒရှိနေတာပါ။ 

ဒါ့အပြင် အဆင့်လေးနေရာအတွက် ပြိုင်ဘက်တွေလို့ဆိုနိုင်တဲ့ စပါးနဲ့ ဝက်စ်ဟမ်းအသင်းတွေကို ရောင်းချလိုစိတ်မရှိတာကြောင့်လည်း လင်ဂတ်ကို ဆက်ထိန်းခဲ့တာလို့ သိရပါတယ်။ 

လင်ဂတ်ကိုခေါ်ယူဖို့အတွက် နယူးကာဆယ်အသင်းကလည်း မေးမြန်းစုံစမ်းမှုပြုလုပ်ခဲ့ပေမယ့် မန်ယူအသင်းက မတန်တဆ စျေးခေါ်နေတာကြောင့် အပြောင်းအရွှေ့ မဖြစ်သေးတာလို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up