close

ဘုရင့်နောင်စစ်ကြောရေးစခန်း ဂိတ်ပေါက်ဝ ဗုံးခွဲခံရ

ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်မှာရှိတဲ့ ဘုရင့်နောင်စစ်ကြောရေးစခန်းကို ဒီကနေ့ မနက် ၅ နာရီကျော်လော်က ဗုံးတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ From "Zero" To "Hero" က ထုတ်ပြန်ပါတယ်။

ပေါက်ကွဲမှုပြင်းအားကြောင့် ဂိတ်ပေါက်ဝရှိ တပ်သားတချို့ ထိခိုက်ခဲ့ပြီး ကျန်နေတဲ့ နောက်ထပ်ဗုံးတစ်လုံးကို ထပ်မံဖောက်ခွဲခဲ့ပေမဲ့ အခက်အခဲတခုကြောင့် ပေါက်ကွဲခြင်း မရှိခဲ့ဘဲ့ စစ်ကောင်စီတပ်က သိမ်းသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအခါ From "Zero" To "Hero" တော်လှန်ရေးရဲဘော်တွေ ဘေးကင်းလုံခြုံရာကို ရောက်ရှိနေပြီး ပေါက်ကွဲမှုပြီးတဲ့နောက် တပ်တွင်းက Light Truck ကားတစီးပေါ်က စကစ တပ်သားတွေ အရပ်ဝတ်တွေနဲ့ ထွက်လာပြီး စစ်ကြောရေးစခန်းအနီးတဝိုက်ကို ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြည်သူတွေအပေါ် အမျိုးမျိုးဖိနှိပ်ခဲ့တဲ့ စကစနဲ့ အပေါင်းအပါတွေကို ဆက်လက်နှိမ်နင်းသွားမှာ ဖြစ်ပြီး ပြည်သူတွေကိုယ်စား သွေကြွေးပြန်ယူမယ်လို့လည်း ပြောက်ကျားအဖွဲ့က ပြောဆိုထားပါတယ်။

ဘုရင့်နောင်စစ်ကြောရေးစခန်းဟာ ဒုတိယအကြိမ်မြောက်တိုက်ခိုက်ခံခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ  ၂၇ ရက်ကလည်း ပါဆယ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up