close

အသံတိတ်သပိတ် အထမမြောက်စေရန် ထားဝယ်ခရိုင်ထဲ စစ်ကောင်စီက လိုက်လံခြိမ်းခြောက်

လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ လုပ်မယ့် အသံတိတ်သပိတ် အထမမြောက်စေဖို့ စစ်ကောင်စီ ဘက်က နည်းလမ်းမျိုးစုံအသုံးပြုပြီး ထားဝယ်ခရိုင်အတွင်းမှာ နေ့ညမပြတ် လိုက်လံခြိမ်းခြောက်နေပါတယ်။ 

ထားဝယ်ခရိုင်အတွင်းက ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ လောင်းလုံစတဲ့ မြိုကြီးတွေအပြင် မြို့နယ်လေးတွေအထိပါ အသံတိတ်သပိတ်မှာ ပါဝင်ရင် ပုဒ်မ ၅၂ က ၊ ၅၀၅ ၊ ၁၂၄ က၊ ၃၃ က စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူခံရနိုင်တဲ့အပြင် ပိုင်ဆိုင်မှုတွေကိုပါ သိမ်းဆည်းမယ်လို့ လိုက်လံ ခြိမ်းခြောက်နေပါတယ်။ 

ရေဖြူမြိုခံတဦးက “ရေဖြူမြိုပေါ်မှာဆိုရင် အသံတိတ်သပိတ်မှာ မပါဖို အဖွဲစုံနဲ့ လိုက်ကြေညာနေတာ နေ့ရော ညရောပဲ၊ ခုရက်ပိုင်းတောင် ၃ကြိမ်လောက်ရှိနေပြီ” လို ပြောပါတယ်။

ထားဝယ်မြို့ပေါ်မှာလည်း တချို့စျေးဆိုင်တွေကို အသံတိတ်သပိတ်မှာ မပါဝင်ဖို့ အိမ်တိုင်ရာရောက် စာပို့လက်မှတ်ထိုးခိုင်းတာမျိုးတွေ လုပ်နေတယ်လို့ စျေးသည်တွေကပြောပါတယ်။ 

သရက်ချောင်းမြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာလည်း အသံတိတ်သပိတ်မှာ မပါဝင်ဖို ဝါဒ ဖြန့်စာစောင်တွေကို ထွေအုပ်ဝန်ထမ်းတွေက ဖြန့်ဝေနေပါတယ်။ 

ဒါ့အပြင် ရုံးဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ  မနက် ၁၀ နာရီနောက်ပိုင်းမှ ရုံးတက်ခိုင်းပြီး အဲဒီမနက် လမ်းမပေါ်လူရှိနေပြီး အသံတိတ်သပိတ်အထမမြောက်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေ တယ်လို ဝန်ထမ်းတွေနဲ့နီးစပ်သူက ဆိုပါတယ်။ 

၂၀၂၁ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ် ၂ ကြိမ်စလုံးမှာ ထားဝယ်ခရိုင်အတွင်းက မြိုကြီးတွေအပြင် နယ်ဘက်မှာရှိတဲ့ ကျေးရွာတွေကပါ တက်တက်ကြွကြွ ပါဝင်ပူးပေါင်းခဲ့ ကြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up