တာဝေးပစ်ခရုဇ်ဒုံးကျည်စနစ် မြောက်ကိုရီးယား စမ်းသပ်

မြောက်ကိုရီးယားဟာ အဆင့်မြှင့်ထားတဲ့ တာဝေးပစ်ခရုဇ်ဒုံးကျည်တစင်းနဲ့ ဗျူဟာမြောက်ပဲ့ထိန်း ဒုံးကျည်တစင်းကို စမ်းသပ်နေတဲ့ ဓာတ်ပုံတွေကို ထုတ်လွှင့်ခဲ့ပြီး တာဝေးပစ် ခရုဇ်ဒုံးကျည်စနစ်ကို ဇန်နဝါရီ ၂၅ ရက်မှာ စမ်းသပ်ခဲ့တာလို့ ပြောပါတယ်။
ခေါင်းဆောင် ကင်မ်ဂျွန်အန်းက အကြီးစားလက်နက်စနစ်တခုကို ထုတ်လုပ်နေတဲ့ ခဲယမ်းမီးကျောက်စက်ရုံကို လာရောက် လည်ပတ်ခဲ့တယ်လို့ အစိုးရမီဒီယာ KCNA က ဇန်နဝါရီ ၂၈ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်ထဲမှာ တလအတွင်း လက်နက်စမ်းသပ်မှု ၆ ကြိမ် ဆက်တိုက် စမ်းသပ်ခဲ့လို့ နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်က ဒဏ်ခတ်မှုအသစ်တွေအတွက် တွန်းအားပေးခဲ့ပါတယ်။
ကင်မ်က လက်နက်စက်ရုံကို သွားရောက်လည်ပတ်နေတဲ့ ဓာတ်ပုံတွေကို KCNA က ထုတ်လွှင့် ပြသခဲ့ပေမယ့် စစ်အရာရှိတချို့ရဲ့ မျက်နှာတွေကို ဝါးထားပြီး စက်ရုံရဲ့ တည်နေရာနဲ့ ထုတ်လုပ်နေတဲ့ လက်နက်အမျိုးအစားတွေကိုတော့ မကြေညာခဲ့ပါဘူး။