close

ရေးမြို့နယ်က စည်ပင်ပိုင်ဈေးအားလုံး အသံတိတ် သပိတ်တွင် မပါဝင်ကြရန် လက်မှတ်ထိုးခိုင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က စည်ပင်သာယာရေးအဖွဲ့ပိုင်က ဈေးအားလုံးမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ်မှာ ပါဝင်ခြင်းမရှိဖို့  သတိပေးတဲ့အနေနဲ့ ဆိုင်ခန်းရှင်တွေ လက်မှတ်ထိုးကြ ရတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

လမိုင်းမြို့ ရှင်စောပုစျေးအတွင်းရှိ စျေးဆိုင်တွေမှာ အသံတိတ်သပိတ် မပါဝင်ဖို့  လမ်းမပေါ်ရှိ စျေးဆိုင်တွေကိုလည်း အသံတိတ်သပိတ် Silent Strike မှာမပါဝင်ဖို့ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေက ဇန်နဝါရီ ၂၉ ရက်မနက်ပိုင်းက စတင်ပြီး အတင်းအဓမ္မ လက်မှတ်လိုက်ထိုးခိုင်း နေတယ်လို့ လပိုင်းမြို့က စျေးသည်တွေက ပြောပါတယ်။

စျေးရောင်းချသူတွေကို Silent Strike မှာ မပါဝင်ဖို့ စည်ပင်သာယာအဖွဲ့၊ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက လက်မှတ်လိုက်ထိုးခိုင်းနေတာဖြစ်ပါတယ်။

အလားတူ ရေးမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးတွေကိုလည်း ဈေးဆိုင်ခန်းရှင်တွေက အသံတိတ်သပိတ်မှာ ပါဝင်ခြင်း မရှိစေဖို့ သတိပေး လက်မှတ်ရေးထိုးခဲ့ထားရပါတယ်။

ဇန်နဝါရီ  ၂၇ ရက်ညက ရေးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်မှာလည်း အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ခြင်း မရှိရန် လိုက်လံ သတိပေးဆော်ဩနေခဲ့သလို မလိုက်နာပါက တည်ဆဲဥပဒေနဲ့ အညီ အရေးယူမယ်လို့  ဆိုပါတယ်။

စစ်တပ် တရားမဝင်အာဏာသိမ်းတာ တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ  နိုင်ငံတဝန်း အသံတိတ် သပိတ်ပြုလုပ်ဖို့ ပြည်သူတွေက စီစဉ်နေတာဖြစ်ပြီး ဒီသပိတ်မှာ မပါဝင်လို့  စစ်ကောင်စီက အခုကတည်းက   ပိတ်ပင်တားဆီးမှုတွေ  ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up