အမေရိကန် စီးပွားရေး နှစ်ပေါင်း ၄၀ အတွင်း အမြင့်မားဆုံးတိုးတက်မှု ပြန်ရရှိ

ပြီးခဲ့တဲ့ သုံးလပတ်အတွင်း အမေရိကန် စီးပွားရေး အရှိန်အဟုန်မြင့်စွာနဲ့ ပြန်လည်တိုးတက်လာခဲ့ပြီး ဆယ်စုနှစ် လေးခုအတွင်း အကောင်းဆုံးစွမ်းဆောင်နိုင်မှုလို့ ဝါရှင်တန် ကုန်သွယ်ရေးဌာနက ပြောပါတယ်။
သုံးလအတွင်း အမေရိကန် စီးပွားရေးတိုးတက်မှု ၆ ဒသမ ၉ ရာခိုင်နှုန်း ရှိပြီး၊ ၁၉၈၄ ခုနှစ် သမ္မတရေဂင် အစိုးရကာလ စီးပွားရေးအရှိန်အဟုန်မျိုး ပြန်ရနေတယ်လို့ ပြောပါတယ်။
"တိုးတက်မှုမြင့်မားလာမှုကြောင့် ဘဏ္ဍာရေးပိုငွေ တက်လာတယ်၊ အတိုးနှုန်းနည်းမှုကြောင့် လူတွေရဲ့စားသုံးမှု မြင့်လာတယ်၊ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်မှုအားကောင်းနေတယ်၊ ဒါပေမဲ့ ဗဟိုဘဏ်က မတ်လမှာ ငွေကြေးဖောင်းပွမှု လျှော့ချဖို့ အတိုးနှုန်းမြှင့်မယ်လို့ ကြေညာထားတဲ့အတွက် လုပ်ငန်းရှင်တွေ စိုးရိမ်နေတယ်” လို့ ပြောပါတယ်။
တဖက်မှာလည်း အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုကြောင့် စက်ရုံတွေ စီးပွားရေးဝန်ဆောင်မှု လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ပါ့မလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။ လက်ရှိ တိုးတက်မှုနှုန်းဟာ ဒီဇင်ဘာလအထိ ပုံမှန်သွားနိုင်ဖို့ကို သံသယရှိနေကြပါတယ်။