close

မြစ်ကြီးနားတွင် MPT ဆက်သွယ်ရေးပုံး မိုင်းခွဲခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်နဲ့ မြို့သစ်ကြီးရပ်ကွက် လမ်းဆုံမှာရှိတဲ့ Asia Energy ဆီဆိုင်ရှေ့က MPT ဆက်သွယ်ရေးပုံးကို ဇန်နဝါရီ ၂၉ ရက် ဒီမနက် ၃ နာရီလောက်က ဖောက်ခွဲခံရတယ်လို့ ဒေသခံတွေက သိရပါတယ်။

MPT  ဆက်သွယ်ရေးစက်ပုံး မိုင်းခွဲခံရတာကြောင့် အနီးက နေအိမ်တလုံး  မိုင်းစထိမှန်ခဲ့ပြီး လူတွေ ထိခိုက် ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။ 

“ဗုံးကွဲသံ အကျယ်ကြီးထွက်လာတော့ အနီးအနားက အိမ်တွေလည်း လန့်သွားကြတယ်။ အဲဒီနားက အိမ်တစ်အိမ်ကိုတော့ တံခါးသံပေါင်၊ မှန်၊ သွပ်မိုး၊ ပြတင်းပေါက်သံပေါင်တွေကို မိုင်းစထိသွားတယ်။ Asia Energy ဆီဆိုင်ဘက်ကိုလည်း မိုင်းစတွေထိပြီး ပျက်စီးမှုတွေ ရှိတယ် ပြောတယ်။ ဒီမနက်ပိုင်းပဲ ဗုံးကွဲတဲ့နေရာ လာစစ်ပြီး မိုးကားအစိမ်းနဲ့ လာအုပ်သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် ညမှာလည်း မြစ်ကြီးနားမြို့ နန့်ကျင်ကျေးရွာမှာရှိတဲ့ Mytel တာဝါတိုင် ဖောက်ခွဲခံရပြီး တာဝါတိုင်အောက်ခြေက စက်တွေပျက်စီးသွားခဲ့ပါတယ်။

Photo - CJ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up