အူဘာမီယန်းကို ဘာစီလိုနာအသင်းထံ အငှားချရန် အာဆင်နယ်အသင်း သဘောတူ

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်းကို ဘာစီလိုနာအသင်းဆီ အငှားချဖို့ သဘောတူညီထားတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အူဘာမီယန်းနဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ တောင်ပံတိုက်စစ်မှူး ဒမ်ဘီလီကို ပီအက်စ်ဂျီအသင်းဆီ ရောင်းချဖို့ စကားပြောနေပြီး အဲဒါပြီးရင် အူဘာမီယန်းကိစ္စကို ဆက်ပြီး အပြီးသတ်လုပ်ဆောင်မယ်လို့ သိရပါတယ်။
အသက် ၃၂ နှစ်ရှိ အူဘာမီယန်းဟာ အာဆင်နယ်မှာ တစ်ပတ်လုပ်ခပေါင် ၃ သိန်းခွဲ ရရှိနေပြီး ဘာစီလိုနာကတော့ အဲဒီလုပ်ခမပေးနိုင်တာကြောင့် လုပ်ခလျှော့ချယူမှာ ဖြစ်ပါတယ်။
အူဘာမီယန်းဟာ ပြီးခဲ့တဲ့နှစ်က မိခင်ဖြစ်သူရှိရာ ပြင်သစ်နိုင်ငံဆီကို ခွင့် နဲ့ ပြန်သွားခဲ့ပြီးနောက် သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ အသင်းဆီရောက်ခဲ့တာကြောင့် အာဆင်နယ်က အသင်းခေါင်းဆောင်ရာထူးက ရုပ်သိမ်းခဲ့ပြီး ပွဲကစားခွင့်လည်မပေးတော့တာပါ။
အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အမ်ကီတီယာကိုတော့ ခရစ္စတယ်ပဲလေ့စ်က ၃ ကြိမ်အထိ ကမ်းလှမ်းခဲ့ပေမယ့် ရောင်းချမှာမဟုတ်ဘူးလို့ သိရပါတယ်။