တောင်ကိုရီးယားအသင်း ဆီးရီးယားကို အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်

၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ တတိယအဆင့် အုပ်စု (A) ပွဲစဥ်မှာတော့ တောင်ကိုရီးယားအသင်းက ဆီးရီးယားအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းဟာ တတိယအဆင့်ခြေစစ်ပွဲစဥ် ၈ ပွဲကစားပြီးချိန်မှာ ၆ ပွဲနိုင် ၂ ပွဲသရေ ရမှတ် ၂၀ ရရှိကာ လက်ကျန် ၂ ပွဲအလိုမှာ ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။
လက်ရှိမှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ တတိယအဆင့် အုပ်စု (A) မှာ အီရန်နဲ့ တောင်ကိုရီးယားတို့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ကျန်အသင်းတွေက စတုတ္ထအဆင့် လက်ကျန်တစ်နေရာအတွက်သာ ယှဥ်ပြိုင်ရတော့မှာဖြစ်ပါတယ်။
တောင်ကိုရီးယားအသင်းဟာ လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ကို ၁၁ ကြိမ်မြောက် ယှဥ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ၂၀၀၂ ကမ္ဘာ့ဖလားမှာ စတုတ္ထနေရာ ရရှိခဲ့ဖူးပါတယ်။