close

စစ်ကောင်စီက အရှင်ဖမ်းမိသည့် ပုလော PDF ရဲဘော်တစ်ဦး သတ်ဖြတ်ခံရ

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပူးပေါင်း ပုလော PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ဖေဖော်ဝါရေ ၃ ရက်နေ့က စတင်ပြီး တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက် အရှင်ဖမ်းဆီးရမိခဲ့တဲ့ ပုလော PDF ရဲဘော်တစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ပုလော PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပုလောမြို့နယ် ဆားခဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် ပုလော PDF ရဲဘော်တစ်ဦးကို စစ်ကောင်စီက အရှင်ဖမ်းမိခဲ့တာဖြစ်ပြီး နေ့လယ်ပိုင်း စစ်ကောင်စီက ပြန်လည်ဆုတ်ခွာသွားတဲ့အချိန် အဆိုပါရဲဘော်ကို သတ်ဖြတ်ထားခဲ့တာလို့ ဆိုပါတယ်။

အသတ်ခံရတဲ့ ရဲဘော်ဟာ ရင်ဘတ်နှလုံးနေရာတည့်တည့်မှာ ဓားထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ဆားခဲရွာက ဥယျာဉ်ခြံအတွင်းမှာ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာပါ။

အဆိုပါတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးသွားတယ်လို့ ပုလော PDF အဖွဲ့ရဲ့ ထုတ်ပြန်ထားပါတယ်။ 

KNU ထိန်းချုပ်နယ်မြေထဲ ကျူးကျော်ဝင်ရောက်လာပြီး တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့  KNU၊ ပူးပေါင်း ပုလော PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up