ဘိုလီဗီးယားတွင် မိုးသည်းထန်မြေပြိုမှုကြောင့် မိသားစု ၆၂၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်

ဘိုလီဗီးယားနိုင်ငံမှာ မိုးသည်းထန် မြေပြိုလို့ မိသားစုပေါင်း ၆၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဘဝ ရောက်နေရပါတယ်။
ကိုယ်တွေ့ကြုံရတဲ့ မြို့ခံတစ်ယောက်ဖြစ်တဲ့ ဂျူဟာနာ ဟူအန်ကာကတော့ မိုးသုံးရက်လောက် အဆက်မပြတ် ရွာသွန်းပြီး မိုးရေတွေ မြစ်လို ဖြစ်သွားတဲ့အကြောင်းကို ပြောပြပါတယ်။
သူတို့မိသားစုနေတဲ့ အိမ်လည်း မြေပြိုထဲအထဲပါသွားပြီး အန်ဒီယန်နယ်မြေရဲ့ တောင်ပိုင်း ဒေသဟာ မိုးသည်းထန်ပြီးနောက် မြေပြိုတဲ့ ဘေးကို ဆိုးဆိုးရွားရွား ကြုံခဲ့ရပါတယ်။
အန်ဒီယန်နယ်မြေထဲက လော့ရိုဆေးလ်မြို့မှာ အိမ်တွေ ပျက်စီးသွားပြီး အိမ်တွေ အတော်များများ မြေမြိုတာနဲ့ ကြုံခဲ့ရပါတယ်။ မိုးသည်းထန်တာနဲ့ မြေပြိုတာတွေ ဆက်ဖြစ်နိုင်သေးတာကြောင့် အန္တရာယ်အတော်အသင့်ရှိတဲ့ အဝါရောင်အဆင့် သတိပေးထားပါတယ်။