close

ဆုဖလားရရန် အကောင်းဆုံးအခွင့်အရေးလက်လွှတ်ခဲ့ရဟု မန်ယူနည်းပြ ရင်းနစ်ခ် ဝန်ခံ

အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတာက ဆုဖလားရဖို့အကောင်းဆုံးအခွင့်အရေး လက်လွှတ်ခဲ့ရတာဖြစ်တယ်လို့ မန်ယူနည်းပြရင်းနစ်ခ်က ပြောပါတယ်။

ဘန်လေနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင်မှာ သတင်းထောက်တစ်ဦးကမေးမြန်းခဲ့ရာမှာ နည်းပြရင်းနစ်ခ်က ပြန်လည်ဖြေကြားခဲ့တာပါ။

ယူနိုက်တက်အသင်းအနေနဲ့ မစ်ဒယ်ဘရော့နဲ့ပွဲစဉ်မှာ အနိုင်ရဖို့သေချာပြင်ဆင်ခဲ့ပေမယ့် လုံ လောက်တဲ့ ပါးနပ်မှုမရှိခဲ့တာကြောင့်ရူံးနိမ့်ခဲ့ရပြီး ဆုဖလားရနိုင်မယ့်အခွင့်အရေးလက်လွှတ်ခဲ့ရ တယ်လို့ ရင်းနစ်ခ်ကပြောပါတယ်။

 “ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းအသင်းတွေဟာလည်း အောက်လိဂ်က အသင်းတွေနဲ့ အခက်တွေ့ခဲ့ရတယ်။ သူတို့ကနောက်တစ်ဆင့်တက်ခဲ့ပြီး ကျနော်တို့ကအနိုင်မရခဲ့တော့ ပိုဆိုးသွားတယ်။ ဒါက ဆုဖလားရဖို့ အကောင်းဆုံးအခွင့်အရေးလက်လွှတ်ခဲ့ရတာမှန်ပါတယ်။ ဒါပေမဲ့ ထိပ်တန်းကလပ်တွေ အများကြီးပါဝင်နေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတော့ကျန်သေးတယ်”လို့ နည်းပြရင်းနစ်ခ်ကပြောပါတယ်။

မန်ယူအသင်းဟာ ချန်ပီယံလိဂ်ရူံးထွက်အဆင့်မှာ စပိန်ကလပ် အက်သလက်တီကိုအသင်းနဲ့ ကစားရမှာပါ။ မန်ယူအသင်းဟာ ၂၀၁၇ ခုနှစ်က နည်းပြမော်ရင်ညို လက်ထက်မှာ ယူရိုပါလိဂ် ဆုဖလားရခဲ့ပြီးနောက်ပိုင်း ဆုဖလားလက်မဲ့ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up