close

ဂရင်းဝုဒ်အမှုကို ကမ္ဘာကစောင့်ကြည့်နေဟု အမျိုးသမီးအရေး ကူညီသူများ သတိပေး

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ဂရင်းဝုဒ်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာက စောင့်ကြည့်နေတယ်လို့ မန်ယူနဲ့ အက်ဖ်အေကို အမျိုးသမီးအရေးကူညီသူများအဖွဲ့တွေက သတိပေးလိုက်ပါတယ်။ 

အင်္ဂလန်ကစားသမား ဂရင်းဝုဒ်ဟာ ချစ်သူ ဟားရစ်ရော့ဘ်ဆန်ကို မုဒိမ်းမှုနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကြောင့် ဖမ်းဆီးခံထားရပါတယ်။ 

ဂရင်းဝုဒ်ရဲ့ချစ်သူ ရော့လ်ဆန်က သူ့ရဲ့ဒဏ်ရာတွေကို အွန်လိုင်းမှာ တင်ခဲ့တာကနေ လူသိရှင်ကြား ဖြစ်ခဲ့တာပါ။ 

အဲဒီကိစ္စဖြစ်ခဲ့ပြီးနောက် မန်ယူအသင်းကလည်း ဂရင်းဝုဒ်ကို အရေးယူမှုပြုလုပ်တော့မှာဖြစ်ပြီး အသင်းလူစာရင်းကနေ ထုတ်ပယ်ထားပါတယ်။ 

မန်ချက်စတာရဲတပ်ဖွဲ့ကလည်း အသက် ၂ဝ ကျော်လူတစ်ဦးကို မုဒိမ်းမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားတယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ 

အမျိုးသမီးအရေးကူညီသူများ ပရဟိတအဖွဲ့အစည်းတွေကတော့ ဂရင်းဝုဒ်ရဲ့ ပြစ်မှုအပေါ် လျှော့ပေါ့ခြင်းမရှိစေဖို့အတွက် ကမ္ဘာက စောင့်ကြည့်နေတယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။ 

နာမည်ကြီးကစားသမား ဖြစ်နေတာကြောင့် အားလုံးရဲ့စိတ်ဝင်စားမှုရှိနေပြီး ဘယ်သူပဲ ဖြစ်နေနေ အမှုမှန်အတိုင်း ကိုင်တွယ်ဖို့လည်း အမျိုးသမီးအရေး ကူညီသူများအဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up