ကနီမြို့နယ် ချင်းတွင်းနဂါး PDFက ရှော့ဂန်းအမျိုးစားလက်နက်စမ်းသပ်ထုတ်လုပ်အောင်မြင်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ချင်တွင်းနဂါး PDF အဖွဲ့တခုက ရှော့ဂန်းအမျိုးစား လက်နက်ကို ဖေဖော်ဝါရီ ၉ ရက်နေ့က စမ်းသပ်အောင်မြင်စွာထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။
အခု စမ်းသပ်အောင်မြင်တဲ့ သေနတ်အမျိုးစားဟာ အိန္ဒိယနိုင်ငံထုပ် ရှော့ဂန်းအမျိုးစားအတိုင်း ထုတ်လုပ်အောင်မြင်တာလို့ ချင်းတွင်းနဂါး PDFခေါင်းဆောင် ချင်းတွင်းဗိုလ်နဂါးက ပြောပါတယ်။
“ကျနော်တို့ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရင်ဆိုင်ရာတဲ့အခါ တူမီး၊ ခွန်ထိုးလောက်နဲ့ အဆင်မပြေနိုင်တာကြောင့် အခုလို တီထွင်ရတာဗျ။ ကုန်ကျစရိတ်ကတော့ ၁ သိန်းကျော်လောက်ကျတယ်။ ကျနော်တို့ ဒီလို အဆင့်မြှင့်တင်ရာမှာတော့ ငွေကြေးအခက်အခဲတော့ ရှိတာပေါ့ဗျာ။ တဖက်မှာလည်း ကျနော်တို့ PDF ရဲဘော်အများစုဟာလည်း လက်နက်ပြည့်စုံမှု မရှိသေးတာတွေလည်း ရှိနေသေးတယ်။ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ ကျနော်တို့အနေနဲ့ တော်လှန်ရေးအောင်တဲ့အထိ အသက်ပေးတိုက်ခိုက်သွားမယ်။”
ချင်တွင်းနဂါး PDF တပ်ဖွဲ့ဟာ ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲတိုင်းမှာ စစ်ကောင်စီတပ်ကို အထိခိုက်အကျဆုံးရှိအောင် တိုက်ခိုက်နိုင်တဲ့ အဖွဲတစ်ဖွဲ့ဖြစ်ပြီး ပြည်သူတွေ အားကိုးရတဲ့ အဖွဲ့လည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။