close

နယူးဇီလန်၌ ဆန္ဒပြသူ ၅၀ ကို ကိုဗစ်စည်းကမ်းမလိုက်နာမှုဖြင့် ဖမ်းဆီး

နယူးဇီလန်နိုင်ငံမှာ အစိုးရက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ စည်းကမ်းချက်တွေကို မလိုက်နာဘဲ ဒီနေ့ ဆန္ဒပြနေတဲ့ အယောက် ၅၀ လောက်ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

ဆန္ဒပြသမားတွေဟာ လွှတ်တော်အဆောက်အအုံရဲ့ အပြင်ဘက်မှာ ဆန္ဒပြတဲ့ သုံးရက်မြောက်နေ့မှာ ရဲတပ်ဖွဲ့က အင်အားသုံးပြီး လူစုခွဲတာ ဖြစ်ပါတယ်။ 

ကနေဒါက ကုန်တင်ကားဒရိုင်ဘာတွေ ဆန္ဒပြတာကို အတုယူတဲ့ ဒီဆန္ဒပြသမားတွေဟာ  မြို့တော် ဝယ်လင်တန်မှာ ရှိတဲ့ ပါလီမန် အဆောက်အအုံထဲ အနီးကလမ်းကို ကုန်ကားတွေ၊ လူစီးကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ပိတ်ဆို့ပြီး ဆန္ဒပြနေကြတာပါ။ 

ဝန်ကြီးချုပ် ဂျက်စင်ဒါအဒန်က နယူးဇီလန်မှာ နိင်ငံသားတိုင်း ဆန္ဒပြခွင့်ရှိပေမယ့် တခြားလူတွေကို အနှောင့်အယှက်ပေးတာမျိုးတော့ မဖြစ်ထိုက်ဘူးလို့ ပြောပါတယ်။ 

အခုလို ဆန္ဒပြနေတာဟာလည်း ပြည်သူအများစုကို ကိုယ်စားမပြုဘူးလို့လည်း ပြောပါတယ်။

လူဦးရေ ၅ သန်းပဲ ရှိတဲ့ နယူးဇီလန်နိုင်ငံမှာ ကိုဗစ် ကပ်ဘေးစတင်တဲ့အချိန်ကနေ အခုအထိ ကူးစက်ခံရသူ ၁၈၀၀၀ နဲ့ သေဆုံးသူ ၅၃ ယောက် ရှိပါတယ်။ 

ကာကွယ်ဆေးထိုးရမယ့် လူဦးရေရဲ့ ၉၄ ရာခိုင်နှုန်းကလည်း ကာကွယ်ဆေးထိုးပြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up