close

မောက္ကတော် ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်‌ မောက္ကတော် ရဲစခန်းကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်‌တွေက ဒီနေ့မနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုလို တိုက်ခိုက်ရတာဟာ မောက်တက်ရွာနဲ့ မုတ်သာရွာကို စစ်ကောင်စီက မီးရှို့တာလုပ်ဆောင်တာကြောင့် ပြန်လည်တုံ့ပြန်ရတာလို့ မင်းကင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့နှစ်ရဲ့ ဗိုလ်ကျားကြီးက ပြောပါတယ်။

“သူတို့က ကျနော်တို့ အပြစ်မဲ့ ရွာသားတွေရဲ့ နေအိမ်တွေကို စစ်ကြောင်းနှစ်ကြောင်းနဲ့ဝင်ပြီး မီးရှို့တာတွေလုပ်တယ်။ သူတို့ အဲလိုလုပ်လုပ်ဖို့ သွားတဲ့အချိန် မောက္ကတော်နယ်မြေခံရဲစခန်းကို တိုက်ခိုက်ခဲ့တယ်။ သူတိုဘက်က စစ်(-) ၁‌ ကောင်နဲ့ ပျူ ၁ ကောင်ကျတယ်။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူး။ ကျနော်တို့ လက်လုပ်သေနတ်တလက်နဲ့ G3 တလက်သိမ်းဆည်းရမိခဲ့တယ်။”

မောက္ကတော် ရဲစခန်းကို မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၂)၊ တပ်ခွဲ (၃)၊ Chindwin_Ranger အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up