သမ္မတက တရားရေးကောင်စီ ဖျက်သိမ်းသည့်အပေါ် တူနီးရှားတရားသူကြီးများ ဆန္ဒပြ

တူနီးရှားနိုင်ငံမှာ တရားသူကြီး ရာချီနဲ့ ထောက်ခံသူတွေက သမ္မတရဲ့ တရားရေး ကောင်စီ ဖျက်သိမ်းတဲ့ ကြေညာချက်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
သမ္မတကိုင်ဆေးဒ်က တရားရေးစနစ်ထဲ ဝင်ရောက်စွက်ဖက်နေတာကို တရားသူကြီးတွေက အပြင်းအထန် ကန့်ကွက်နေတာပါ။
သမ္မတက လွတ်လပ်တဲ့ တရားစီရင်ရေးကောင်စီ ဖျက်သိမ်းမယ်လို့ ကြေညာခဲ့တဲ့အပေါ် အနောက်နိုင်ငံတွေကလည်း ဖိအားပေးဝေဖန်ပါတယ်။
စီးပွားရေး အကျပ်အတည်းကြုံနေတဲ့ တူနီးရှားအစိုးရက အနောက်အုပ်စုရဲ့ ငွေကြေးအပေါ် မှီခိုနေရတာပါ။
ဆန္ဒပြမှုမှာပါဝင်တဲ့ တရားသူကြီးတွေ၊ လူ့အခွင့်အရေးအုပ်စုတွေနဲ့ အတိုက်အခံပါတီတွေက သမ္မတက လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကို ချည့်နဲ့စေဖို့ တရားရေးကောင်စီကို ဖျက်သိမ်းခဲ့ တာလို့ စွပ်စွဲပါတယ်။
မနှစ်ကလည်း လွှတ်တော်ကို ဗီတိုသုံးပြီး ရပ်ဆိုင်းခဲ့တာကြောင့် သမ္မကိုင်ဆေးဒ် အာဏာရှင်ဖြစ်သွားပြီလို့ ဝေဖန်ကြပါတယ်။