တိုကျိုရှိ တရုတ်သံရုံးတွင် ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲကို ဆန့်ကျင်ဆန္ဒပြ

ဂျပန်မြို့တော် တိုကျိုက တရုတ်သံရုံးရှေ့မှာ ဆန္ဒပြသူ အယောက် ၅၀ လောက်က ဖေဖော်ဝါရီ ၄ ရက်မှာ စုရုံးခဲ့ကြပြီး ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ဖွင့်ပွဲမတိုင်ခင် နာရီပိုင်းမှာ ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
ဂျပန်နိုင်ငံမှာ လတ်တလော နေထိုင်ကြတဲ့ တရုတ်နိုင်ငံက ဝီဂါ မွတ်စလင် တိုင်းရင်းသား အုပ်စုဝင်တွေ၊ တိဘက်လူမျိုးတွေ၊ ဟောင်ကောင်သားတွေနဲ့ မွန်ဂိုလီးယားတောင်ပိုင်းသားတွေ ပါဝင် ဆန္ဒပြခဲ့တာပါ။
ကမ္ဘာက ထောက်ပြတဲ့ ဝီဂါ လူမျိုးတုံးသတ်ဖြတ်မှုကို တရုတ်က လုံးဝ လျစ်လျူရှုထားပြီး အားကစားပွဲတော်ကို လက်ခံကျင်းပနေတာဟာ လူမျိုးတုံးသတ်ဖြတ်မှုကို သွယ်ဝိုက်ပြီး ပြတ်ပြတ် သားသား ထောက်ပံ့နေတာလို့ယူဆတဲ့အတွက် ဒီအားကစားပွဲတော်ကို ဆန့်ကျင်တယ်လို့ ဂျပန် ဝီဂါ အသင်းရဲ့ ဒုဥက္ကဋ္ဌ အာဖှုမေတို ရေတေပူက ပြောပါတယ်။
အမေရိကန်နဲ့ ဗြိတိန်တို့အပါအဝင် နိုင်ငံအတော်များများက တရုတ်ရဲ့ လူ့အခွင့်အရေး စံချိန်တွေနဲ့ ပတ်သက်ပြီး ပေကျင်း ဆောင်းရာသီအိုလံပစ် ပွဲတော်ကို သံတမန်ရေးအရ သပိတ်မှောက် ထားတာပါ။
တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်က ဝီဂါ မွတ်စလင်တွေ အများစုအပေါ် တရုတ်ရဲ့ ဆက်ဆံပုံကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် အမေရိကန်က သတ်မှတ်ထားပါတယ်။