ဒီဇယ်ဈေးမြင့်တက်နေမှု ဘန်ကောက်မြို့တွင် ထရပ်ကားယာဉ်တန်း ရာနှင့်ချီ ဆန္ဒပြ

ဖေဖော်ဝါရီ ၈ ရက်နေ့က ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့ရဲ့ အဓိကလမ်းမကြီးတခုပေါ်ကို ထရပ်ကားတွေ ရာနဲ့ချီ မောင်းတက်လာပြီး ဒီဇယ်ဈေးမြင့်တက်နေမှုကို ဆန္ဒပြခဲ့ပါတယ်။
ဒီဇယ် ၁ လီတာကို ထိုင်းငွေ ၂၅ ဘတ် (၁၃၅၂ ကျပ်) ထိ မြင့်တက်မှုကြောင့် ထရပ်ကားယာဉ်တန်းက စွမ်းအင်ဝန်ကြီးဌာနဆီ ဦးတည်မောင်းပြီး စွမ်းအင်ဝန်ကြီး နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တာပါ။
ထိုင်းနိုင်ငံမြောက်ဘက်မှ ထရပ်ကားကို မောင်းလာခဲ့တဲ့ အသက် ၅၆ နှစ်ရှိ ဒရိုင်ဘာက “ကားခတွေ တက်တော့ ခရီးသည်လျော့သွားတယ်။ နေ့စဉ် ဆီဖိုးပေးနေရတာနဲ့ ကျနော်တို့အတွက် ဘာမှမကျန်ဘူး” လို့ ပြောပါတယ်။
စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကမ္ဘာ့ရေနံဈေးနှုန်းတက်နေတာကြောင့် အစိုးရက ဒီဇယ်ဈေးကို ၁ လီတာ ဘတ် ၃၀ အထိ ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက သတ်မှတ်ထားတာကြောင့် လတ်တလော ကားဆရာတွေရဲ့ တောင်းဆိုမှုကို ဖြေရှင်းမပေးနိုင်သေးဘူးလို့ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။