close

ပင်လုံ ၇၅ နှစ်ပြည့်အထိမ်းအမှတ် NUG က အခွန်တံဆိပ်ခေါင်း ၅ မျိုး ထုတ်မည်

ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အခွန်တံဆိပ်ခေါင်းတွေ ထုတ်ဝေသွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တံဆိပ်ခေါင်းတွေကို ၂၀၀ ကျပ်၊ ၃၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်နဲ့ ၅၀၀၀၀ ကျပ်တန် ဆိုပြီး ၅ မျိုးစတင် ထုတ် ဝေရောင်းချပေးမယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့သက်ဆိုင်တဲ့ တံဆိပ်ခေါင်းခွန်ထိုက်သင့်တဲ့ စာ ချုပ်စာတမ်းတစ်ခုခုကို ချုပ်ဆိုသူ ဘယ်သူမဆို စာချုပ်မချုပ်ဆိုမီ ဒါမှမဟုတ် စာချုပ် ချုပ်ဆိုချိန်မှာ အဆိုပါတံဆိပ်ခေါင်းတွေကို ကပ်နှိပ်အသုံးပြုသွားရမယ်လို့ ဆိုပါတယ်။

အခွန်တံဆိပ်ခေါင်းတွေကို ဝယ်ယူလိုတယ်ဆိုရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာန ဝက်ဘ်ဆိုက်ဖြစ်တဲ့ http://ird.nug-mm.net ကတဆင့် အ သေးစိတ်စုံစမ်းဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up