အားကစားစက်ဘီးထုတ်သည့် Peloton ကုမ္ပဏီ အလုပ်သမား ၃၀၀၀ ခန့်ကို ထုတ်ပစ်

အားကစားလေ့ကျင့်စက်ဘီးတွေ ထုတ်လုပ်တဲ့ Peloton ကုမ္ပဏီက အလုပ်သမား ၂၈၀၀ ကို ထုတ်ပစ်လိုက်ပါတယ်။
ပြီးခဲ့တဲ့တနှစ်လုံး ကမ္ဘာတလွှား ကပ်ဘေးရောဂါကြောင့် Peloton က အားကစားစက်ဘီး ထုတ်လုပ်မှု ရပ်နားခဲ့ရပြီး ရှယ်ယာ ၈၀ ရာခိုင်နှုန်းထိ ထိုးကျခဲ့တာပါ။ ဒီနှစ် ဖေဖော်ဝါရီမှာ တနှစ် ဒေါ်လာ သန်း ၈၀၀ ကျန်ရှိဖို့အတွက် အလုပ်သမား ၂၈၀၀ ကို အလုပ်ထုတ်လိုက်ရတာပါ။
Peloton ကို ပူးတွဲတည်ထောင်သူလည်းဖြစ် စီအီးအိုလည်းဖြစ်တဲ့ ဂျွန်ဖိုလီလည်း ပြုတ်တဲ့အထဲ ပါသွားပါတယ်။
ဒါ့အပြင် ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်မှာ စားသောက်ဆိုင်ပေါင်း ၅ သိန်းကျော်ဖွင့်ထားတဲ့ ဂျာမန် food-delivery ကုမ္ပဏီ ‘Delivery Hero’ ရဲ့ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ထိုးကျခဲ့တာပါ။
ဈေးကွက်မှာ ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ ဆုံးရှုံးခဲ့ပါတယ်။
အမေရိကန်စီးပွားရေးမှာတော့ ငွေကြေးဖောင်းပွမှု ၇ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက်သွားပါတယ်။
နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ငွေဖောင်းပွမှုဖြစ်ပြိး အစားအစာ၊ စွမ်းအင်၊ အိမ်ခြံမြေ ငှားရမ်းခ အကုန်လုံး မြင့်တက်နေတာပါ။ မတ်လထဲမှာ ဗဟိုဘဏ်က အတိုးနှုန်းမြှင့်ခဲ့ရင်တော့ ငွေဖောင်းပွမှု ကျဆင်းမယ်လို့ ခန့်မှန်းကြပါတယ်။