close

မလေးရှားတွင် ဆန္ဒပြခဲ့သည့် မြန်မာနိုင်ငံသား ၂ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်

မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြသခဲ့မှုကြောင့် အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေထဲက ၂ ယောက်ကို တရားမဝင်နေထိုင်မှုနဲ့ မနေ့က ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်တယ်လို့ မလေးရှားရောက်မြန်မာတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နေ့၊ မြန်မာနိုင်ငံ အမှောင်ကျတဲ့နေ့ အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က မြန်မာသံရုံးရှေ့မှာ သွားရောက်ဆန္ဒပြသခဲ့ကြတဲ့ ၃၁ ယောက်ကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

NUG အစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အဝေးရောက်မြန်မာနိုင်ငံသားတွေရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က  ဆန္ဒပြသူတွေထဲက ၂၆ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီး ကျန် ၅ ယောက်ထဲက ၂ ယောက်ကို တရားမ၀င်နေထိုင်မှုနဲ့ မလေးရှား အာဏာပိုင်တွေက ထောင် ၁ လစီ ချမှတ်လိုက်တာလို့ ဆိုပါတယ်။

ဆန္ဒပြအမျိုးသမီး မကေသီလှိုင်ကိုတော့ အာမခံလျှောက်ထားတာ မလေးရှားနိုင်ငံ တရားရုံး က လက်ခံခဲ့ပြီး ကျန် ၂ ယောက်ကိုတော့ လာမဲ့ ဧပြီလ ၁၈ ရက်နေ့ ရုံးထပ်ချိန်းထားပြီး ဆက်လက်အမှုရင်ဆိုင်သွားရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ မလေးရှားနိုင်ငံ ရုံးအဖွဲ့မှူး ကိုစိုးထက်သိန်းက ဒီဗွီဘီကိုပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up