ထိုင်းနိုင်ငံ၌ တပေါင်းလပြည့်နေ့က မီးပုံး ၁ သန်းဖြင့် ဗုဒ္ဓ ပူဇော်

ထိုင်းနိုင်ငံ၊ ပဒုမဌာနီခရိုင်ရှိ၊ ဓမ္မကာယကျောင်းတိုက်မှာ ထိုင်းဗုဒ္ဓဘာသာဝင်တို့ရဲ့ အမြင့်မြတ်ဆုံးနေ့တနေ့ဖြစ်တဲ့ မခဘူချာနေ့ (တပေါင်းလပြည့်နေ့)မှာ မီးပုံးပေါင်း ၁ သန်း ထွန်းညှိပူဇော်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့ပါတယ်။
ဓမ္မကာယကျောင်းတိုက်ရဲ့ အမိုးခုံးမှာ LED အလှမီးတွေ တပ်ဆင်ထားပြီး မီးပုံး ၁ သန်း ထွန်းညှိ ဝိုင်းပတ်ထားတာကို ဒရုန်းနဲ့ ရိုက်ပြခဲ့ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ဘာသာဝင်တွေ လာရောက်ပူဇော်မှုကိုတော့ ကန့်သတ်ထားတာပါ။
ပါဠိစကား ဘူချာဟာ အရိုအသေပြုခြင်းဟု အဓိပ္ပါယ်ရပြီး ဗုဒ္ဓထံမှောက် တပည့်သံဃာအပါး ၁၂၅၀ တို့ လာရောက်ပြီး စုဝေးဂါရဝပြုခဲ့တာကြောင့် သံဃာနေ့လို့လည်း ခေါ်ပါတယ်။
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သိရိလင်္ကာတို့မှာ အားလပ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။