close

Tesco ကုမ္ပဏီ မြန်မာနိုင်ငံမှ တာဝန်သိသိဖြင့် ထွက်ခွာမည်

ဗြိတိန် အခြေစိုက် လက်လီလုပ်ငန်းကြီးဖြစ်တဲ့ Tesco က မြန်မာနိုင်ငံမှ တာဝန်သိသိဖြင့် ထွက်ခွာဖို့ လုပ်ဆောင် နေပြီဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

တခြားတဖက်မှာတော့ တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ Gtig Eastar Garment အထည်ချုပ်လုပ်ငန်းက ထောင်နဲ့ချီတဲ့ မြန်မာ အထည်ချုပ်လုပ်သားတွေရဲ့ ရပိုင်ခွင့်တွေကို လျှော်ကြေးပေးဖို့ ငြင်းဆိုထားပါတယ်။

အကြောင်းက ရန်ကုန်မြို့ ဝါးတရာစက်မှုဇုန်မှာ တည်ရှိတဲ့ သူ့စက်ရုံဟာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ် ဆိုပြီး ရပ်နားခဲ့တာ လပေါင်း ၇ လ အကြာမှာတော့ သူ့လုပ်ငန်းကို ပိတ်သိမ်းဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

Myanmar Labor News  သတင်းဖော်ပြချက်အရ တရုတ်နိုင်ငံသားပိုင် Gtig Eastar အထည်ချုပ်လုပ်ငန်းဟာ ဗြိတိန်အခြေစိုက် Tesco အထည်ချုပ်လုပ်ငန်းရဲ့ F & F အမှတ်တံဆိပ်အတွက် သားရေအနွေးထည်တွေကို ချုပ်လုပ်ပေးနေတာပါ။ ဒီ့အပြင် တခြားအမှတ်တံဆိပ်တွေဖြစ်တဲ့ C&A ၊ OVS ၊ Zara ကုန်အမှတ်တံဆိပ်တွေအတွက်လည်း ထုတ်လုပ်ပေးခဲ့တာ ရှိပါတယ်။ ဒီအချက်တွေနဲ့ပတ်သတ်ပြီး တရုတ်နိုင်ငံသားပိုင် Gtig Eastar အထည်ချုပ်လုပ်ငန်းက အကြောင်းတစုံတရာ ပြန်လည်တုံပြန်မှု မရှိဘူး လို့ ဆိုပါတယ်။

ဗြိတိန်အခြေစိုက် Tesco အထည်ချုပ်လုပ်ငန်းက တရုတ်အထည်ချုပ် Gtig Eastar လုပ်ငန်းနဲ့ သူတို့အကြားမှာ နောက်ဆုံးလက်ခံပစ္စည်းအမှာတွေကို အပြီးသတ်ပြီးရင် ကမ္ဘာလုံးဆိုင်ရာသမဂ္ဂတွေရဲ့ လမ်းညွှန်မှုနဲ့အညီ မြန်မာနိုင်ငံမှ ထွက်ခွာပါမယ်။ 

ဒါကြောင့် Tesco မှ ပြောရေးဆိုခွင်းရှိသူက လက်လီရောင်းချသူတွေက လုပ်ခလစာလျှော့ပေးမှုကို သည်းမခံနိုင်ကြောင်းနဲ့ ဒါကိုလည်း အမြဲတမ်း စေ့စေ့စပ်စပ်နဲ့ စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တရုတ်အထည်ချုပ်လုပ်ငန်း Gtig Eastar မှ မြန်မာအထည်ချုပ်လုပ်သားတွေကို လုပ်ခလစာ မပေးဘူးဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ဒီအပေါ်မှာ ဗြိတန်အခြေစိုက် Tesco အထည်ချုပ်လုပ်ငန်းမှ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ တိတိကျကျ ထွက်ပေါ်လာတာ မရှိသေးပါဘူး။

ဒါကြောင့် တရုတ်အထည်ချုပ် Gtig Eastar လုပ်ငန်းက မြန်မာအထည်ချုပ်လုပ်သားတွေရဲ့ လုပ်ခလစာအား ဖြတ်တောက်ခိုးယူတယ်လို့ စွပ်စွဲချက်နဲ့စပ်လျဉ်းပြီး C&A နဲ့ Zara အထည်ချုပ်လုပ်ငန်းဆီက မှတ်ချက်တောင်းထားပေမဲ့ မရသေးပါဘူး။

C&A အထည်ချုပ်လုပ်ငန်းမှ အစောပိုင်းဖြေကြားမှုမှာတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ကုန်ပစ္စည်းအမှာသစ်တွေကို မလုပ်တော့တဲ့ အကြောင်းနဲ့ နိုင်ငံအတွင်းမှာ သိသာထင်ရှားတဲ့ ပြောင်းလဲတိုးတက်မှု မတွေ့မချင်း ကျနော်တို့ ဘာမျှ လုပ်မှာ မဟုတ်ဘူးလို့ ဖြေကြားထားတာရှိပါတယ်။

Zara အထည်ချုပ်လုပ်ငန်းပိုင်ရှင်ကတော့ မြန်မာနိုင်ငံ၏အခြေအနေနဲ့ပတ်သတ်ပြီး တစုံတရာဖြေကြားထားတာ မရှိသေးပါဘူး။

OVS အထည်ချုပ်လုပ်ငန်းအနေဖြင့် တရုတ်အထည်ချုပ်လုပ်ငန်း Gtig Eastar နဲ့ ၂၀၂၀ ခုနှစ်အထိ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှု မရှိတော့ပါဘူး။ ဘာကြောင့်လဲဆို အဲ့ဒီ့အထည်ချုပ်လုပ်ငန်းက လုပ်ငန်းခွင်အတွင်းမှာ ပွင့်လင်းမြင်သာမှု နဲ့ လိုအပ်တဲ့ အာမခံမှု မရှိလို့ပါ လို့ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up