မြန်မာနိုင်ငံ စားနပ်ရိက္ခာဖူလုံရေး ဒိန်းမတ်နိုင်ငံက ဒေါ်လာ ၃ ဒသမ ၈သန်းဖိုး ကူညီ

ဒိန်းမတ်နိုင်ငံဟာ မြန်မာနိုင်ငံစားနပ်ရိက္ခာ မလုံလောက်မှုအန္တရာယ် လျော့ပါးသက်သာရေးနဲ့ လယ်သမားတွေ သီးနှံအထွက်တိုးအောင် ဆောင်ရွက်နိုင်ရေးတို့အတွက် ကူညီပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
ကိုဗစ်-၁၉ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ ဖြစ်ပွားတဲ့ နေရာတွေမှာ လယ်ယာလုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေရှိခဲ့တာကြောင့် ဒိန်းမတ်နိုင်ငံအနေနဲ့ ဒီလိုအခြေအနေမှာ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဥ်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၈သန်းနဲ့ ညီမျှတဲ့ ဒိန်းမတ် ခရိုနာ ၂၅သန်းကို ထည့်၀င် လှူဒါန်းထားကြောင်း သံရုံးကဆိုပါတယ်။
ဒါ့အပြင် တာ၀န်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေRBF-Myanmar ကတဆင့် ရခိုင်ပြည်နယ်က လယ်သမားတွေကို တိုက်ရိုက် ပံ့ပိုးပေးနေကြောင့် သံရုံးကဆိုထားပြီး၊ အဲဒီရန်ပုံငွေနဲ့ ထုတ်လုပ်နည်းတွေ တိုးတက်ပြီး အထွက်နှုန်းကောင်းအောင် လယ်သမားတွေကို ကူညီပေးနေတယ်လို့လည်းဆိုပါတယ်။
ဒိန်းမတ်နိုင်ငံဟာ ဒီနေ့အထိမြန်မာနိုင်ငံကအသေးစားလုပ်ငန်း လုပ်ကိုင်တဲ့ လယ်သမား ၇၆ ဦးကို ကောက်ပဲသီးနှံ ရိတ်သိမ်း ချွေလှေ့စက် ဝယ်ယူဖို့ မြန်မာငွေကျပ် ၂ ဘီလီယံ ပံ့ပိုးခဲ့တယ်လို့ ဒိန်းမတ် သံရုံးက ထုတ်ပြန်ထားပါတယ်။
Photo Credit- Embassy of Denmark