close

အိုလံပစ်ပြိုင်ပွဲကြည့်ရှုသူများ ဒစ်ဂျစ်တယ်ငွေကြေးကို တွင်ကျယ်စွာ အသုံးပြု

တရုတ်အစိုးရက ယခုကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အိုလံပစ်ပွဲတွေကို နိုင်ငံခြားသားတွေ ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ထားပေမဲ့၊ ပြည်တွင်းပရိတ်သတ် အများအပြား လာရောက်ကြည့်ရှုခဲ့ပြီး ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို စမ်းသပ်အသုံးပြုနေတာပါ။

အားကစားကွင်းတွေမှာ ယွမ်ငွေကို Digital Currency Electronic Payment (DCEP) စနစ်နဲ့ အသုံးပြုတာပါ။ DCEP စနစ်က ငွေပေးချေမှုလွယ်ကူရုံမက အစိုးရအတွက် ငွေရိုက်ထုတ်မှု၊ ငွေလည်ပတ်မှုနဲ့ ကုန်သွယ်မှု တို့ကိုပါ ပိုမို ထိရောက်စေတာပါ။

အားကစားကွင်းအတော်များများမှာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ ငွေပေးချေနိုင်အောင် စီစဉ်ထားပါတယ်။ e-CNY လို့ အမည်ပေးထားတဲ့ ငွေပေးကတ်ကို မိုလ်ဘိုင်း app နဲ့လည်း အသုံးပြုနိုင်ပါတယ်။ e-CNY က အိုလံပစ်ကွင်းထဲက  ATM စက်တွေမှာ ယွမ်ငွေအပြင် တခြားငွေကြေး ၁၈ မျိုးကို လဲလှယ်သုံးနိုင်ပါတယ်။

e-CNY အပြင် အခြားအသုံးများတဲ့ Alipay လို ငွေပေးချေတဲ့ app တွေလည်း အသုံးများကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up