ဒစ်ဂျစ်တယ်ငွေကြေး အကြီးဆုံးခိုးယူမှု အမေရိကန်တရားရေးဌာန ဖော်ထုတ်

အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ဘီလျံတန် ဘစ်ကွိုင် ဒစ်ဂျစ်တယ်ငွေကြေး အကြီးဆုံး ခိုးယူမှုကို ဖော်ထုတ်လိုက်ပြီလို့ အမေရိကန် တရားရေးဌာနက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။
သမိုင်းမှာ စံချိန်ကျိုးလောက်တဲ့ ခိုးယူမှုဟာ ငွေကြေးခဝါချမှုနဲ့ ဖမ်းဆီးခံရတဲ့ ဇနီးမောင်နှံ အဖွဲ့နဲ့ရော ဒစ်ဂျစ်တယ် ငွေကြေးဖလှယ်ရေးကုမ္ပဏီဘစ်ဖိနက်ဇ်ကို ၂၀၁၆ တုန်းက ဆိုင်ဘာ ဖောက်ထွင်းမှုနဲ့ပါ ပတ်သက်နေတယ်လို့လည်း အမေရိကန် တရားရေးဌာနက ပြောပါတယ်။
နယူးယောက်မြို့ခံ အသက် ၃၀ကျော် အရွယ် အီလီယာ ဒတ်ချ် လစ်တန်စတိုင်းနဲ့ ဟိသာမော်ဂန်တို့ ဇနီးမောင်နှံကို အင်္ဂါမနက်က မန်ဟန်တန် ရပ်ကွက်မှာ ဖမ်းခဲ့တယ်။
သူတို့ဟာ ဒေါ်လာ ငါးရာတန် ဝေါမတ် လက်ဆောင်ကတ်ကနေ ရွှေနဲ့ တခြား သင်္ကေတ မပါတဲ့ တိုကင်ပြားတွေလို ပစ္စည်းတွေကို တရားမဝင် ထုတ်လုပ်နေခဲ့တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။
ဖမ်းဆီးခံ အသက် ၃၁ နှစ်အရွယ် ဟိသာမော်ဂန်ဟာ ရက်ဇယ်ခန်းဆိုတဲ့ နာမည်နဲ့ ရက်ပ် အဆိုတော်အဖြစ် လူသိများတယ်လို့ ဆိုပါတယ်။
ဒါဟာ အမေရိကန် တရားရေးဌာနအနေနဲ့ အကြီးဆုံး ဘဏ္ဍာရေး သိမ်းဆည်းရမိတဲ့ အမှုပဲလို့ ဒုတိယ အစိုးရရှေ့နေချုပ် လဇ်ဇာ မိုနာကိုက ပြောပါတယ်။
ဒစ်ဂျစ်တယ် ငွေကြေးတွေဟာ ရာဇဝတ်သားတွေအတွက် ဘေးကင်းရာ ကောင်းကင်ဘုံ မဟုတ်ဘူးလို့လည်း သူက ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။