ချန်ပီယံလိဂ်တွင် အမြင့်ဆုံးစွမ်းဆောင်ရည်ထုတ်ပြကြရန် မန်ယူနည်းပြ ရန်းနစ်ခ်တိုက်တွန်း

အက်သလက်တီကိုနဲ့ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ အမြင့်မားဆုံးစွမ်းဆောင်ရည်ထုတ်ပြကြဖို့ အသင်းသားတွေကို မန်ယူနည်းပြ ရန်းနစ်ခ်က တိုက်တွန်းလိုက်ပါတယ်။
မန်ယူအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အနေနဲ့ ဒီကနေ့ညမှာ အက်သလက်တီကိုနဲ့ မက်ဒရစ်မြို့မှာ သွာရောက်ရင်ဆိုင်ရမှာပါ။
ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာ အမြင့်မားဆုံးခြေစွမ်းပြသနိုင်မှသာ ရလဒ်ကောင်းရမှာဖြစ်ပြီး ကစားသမားတွေအနေနဲ့ အင်ပြည့်အားပြည့်နဲ့ ကစားနိုင်မယ်လို့ မျှော်လင့်ကြောင်း နည်းပြ ရန်းနစ်ခ်ကပြောပါတယ်။
နည်းစနစ်ပိုင်းအရ အမြင့်မားဆုံးနားလည်မှုရှိဖို့ လိုအပ်သလို ကြံ့ခိုင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာလည်း အကောင်းဆုံးဖြစ်ဖို့ လိုအပ်တယ်လို့ နည်းပြရန်းနစ်ခ်က ပြောပါတယ်။
“သူတို့ကွင်းရဲ့ ဖိအားအခြေအနေကို ခံရနိုင်တာကြောင့် စိတ်ပိုင်းဆိုင်ရာအတွက် ပြင်ဆင်ထားဖို့လည်း လိုအပ်တယ်။ ကျနော်တို့ ကစားသမားတွေအနေနဲ့ အနီရောင်ကော်ဇောခင်းပြီး ကြိုဆိုခံရမှာ မဟုတ်ဘူးဆိုတာက ရှင်းနေတဲ့ကိစ္စပါ။ အတွေ့အကြုံရှိသူတွေရော၊ လူငယ်တွေရော ရှိတာမို့ ဒီလို အုပ်စု ၂ ခုရဲ့ပေါင်းစပ်မှုက ပြီးပြည့်စုံပြီး ပွဲကို အကောင်းဆုံးကစားနိုင်ဖို့ မျှော်လင့်တယ်” လို့ နည်းပြ ရန်းနစ်ခ်က ပြောပါတယ်။
တီကိုနဲ့ရင်ဆိုင်မယ့် ယူနိုက်တက်အသင်းမှာ တိုက်စစ်မှူး ကာဗာနီ လွဲချော်မယ်လို့လည်း နည်းပြရန်းနစ်ခ်က အတည်ပြုခဲ့ပါတယ်။