ရော်နယ်ဒိုနှင့် မက်ဂွိုင်းယားတို့ကြား ပြဿနာတစုံတရာမရှိကြောင်း နည်းပြရင်းနစ်ခ် ဖြေရှင်း

စီရော်နယ်ဒိုနဲ့ မက်ဂွိုင်းယားတို့ နှစ်ဦးကြားမှာ ဘာပြဿနာမှမရှိကြောင်း ယူနိုက်တက်နည်းပြ ရင်းနစ်ခ်က ဖြေရှင်းသွားပါတယ်။
တိုက်စစ်မှူးရော်နယ်ဒိုနဲ့ နောက်ခံလူ မက်ဂွိုင်းယားတို့ နှစ်ဦးဟာ အသင်းခေါင်းဆောင်ရာထူးနဲ့ ပတ်သက်ပြီး နည်းပြ ရင်းနစ်ခ်နဲ့ ဆွေးနွေးခဲ့ကြကြောင်း၊ မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင်ရာထူးကို စီရော်နယ်ဒိုကို မပေးချင်တာကြောင့် အသင်းသားတွေကြားမှာ သဘောထားကွဲလွဲမှုတွေဖြစ်နေကြောင်း Mirror သတင်းစာက ဖော်ထုတ်ရေးသားခဲ့တာပါ။
အဲဒီ သတင်းတွေဟာ အခြေအမြစ်မရှိဘူးလို့ နည်းပြ ရင်းနစ်ခ်ကဖြေရှင်းသွားခဲ့ပြီး အသင်းခေါင်းဆောင် ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးဖူးတာမရှိကြောင်း ပြောပါတယ်။
“အသင်းခေါင်းဆောင် အပြောင်းအလဲရှိမယ်ဆိုတဲ့ကိစ္စက ဘယ်သူနဲ့မှတောင် မဆွေးနွေးဖူးပါဘူး။ ဟာရီမက်ဂွိုင်းယားက ကျနော်တို့အသင်းခေါင်းဆောင်ဖြစ်ပြီး အခုနှစ်ရာသီကုန်တဲ့အထိ သူပဲဆက်ပြီး တာဝန်ယူသွားမှာပါ” လို့ နည်းပြရင်းနစ်ခ်က ပြောပါတယ်။
နောက်ခံလူ မက်ဂွိုင်းယားကလည်း အသင်းခေါင်းဆောင်ကိစ္စတွေနဲ့ပတ်သက်လို့ သတင်းမှားတွေသာဖြစ်ကြောင်း၊ အသင်းသားအားလုံးက စည်းလုံးညီညွတ်မှုရှိပြီး တနင်္ဂနွေနေ့ ကစားရမယ့်ပွဲစဉ်အပေါ်မှာပဲ အာရုံစိုက်ထားကြတယ်လို့ တွစ်တာကနေ ဖြေရှင်းသွားခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့ည လိယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာပါတယ်။