လိဒ်နှင့်ပွဲတွင် မန်ယူအသင်းသားများ ရင့်ကျက်လာမှုကို ပြသနိုင်ခဲ့ဟု ရန်းနစ်ခ် ချီးကျူး

လိဒ်ယူနိုက်တက်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းသားတွေရဲ့ ရင့်ကျက်လာမှုကို ပြသနိုင်ခဲ့တယ်လို့ မန်ယူနည်းပြ ရန်းနစ်ခ်က ချီးကျူးပါတယ်။
မန်ယူအသင်းဟာ ဦးဆောင်ဂိုး ၂ ဂိုး သွင်းခဲ့ပေမယ့် လိဒ်ယူနိုက်တက်က ၂ ဂိုးဆက်တိုက် ပြန်သွင်းခဲ့ပါသေးတယ်။
ဒါပေမယ့် လူစားဝင် ကစားသမား ဖရက်ဒ်ရဲ့သွင်းဂိုးကြောင်း ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာ အီလန်ဂါက စတုတ္ထမြောက်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
လိဒ်ယူနိုက်တက်က ချေပဂိုး ၂ ဂိုးပြန်သွင်းပြီးနောက်မှာ အလွန်ခက်ခဲသွားပေမယ့် အသင်းသားတွေရဲ့ ရင့်ကျက်လာမှုကို ပြသနိုင်ခဲ့လို့ နိုင်ပွဲရယူနိုင်ခဲ့တာလို့ နည်းပြ ရန်းနစ်ခ်က ချီးကျူးခဲ့တာပါ။
“လိဒ်ယူနိုက်တက် ချေပဂိုးတွေသွင်းပြီး ၅ မိနစ်လောက်အတွင်း ပွဲက အတော်လည်းပြင်းထန်ခဲ့တယ်။ ခက်ခဲမှုတွေရှိခဲ့ပေမယ့် အသင်းသားတွေဟာ ရင့်ကျက်မှုကို ပြသနိုင်ခဲ့တယ်။ အသင်းလိုက်မှာ စည်းလုံးညီညွတ်မှုရှိခဲ့တယ်။ နောက်ဆုံးမိနစ် ၂ဝ မှာ ပြန်လည် တုံ့ပြန်နိုင်ခဲ့ပြီး အဆုံးသတ်မှာ နိုင်ပွဲရခဲ့တာက ကျနော်တို့နဲ့ထိုက်တန်ပါတယ်။”
အဆင့်လေးအတွင်းဝင်ချင်တယ်ဆိုရင် အမှတ်ဆုံးရှုံးလို့ မရနိုင်ကြောင်း၊ ဦးဆောင်ဂိုး ၂ ဂိုး သွင်း ပြီးသားကို အမှတ်လျော့ခဲ့တာမျိုးဖြစ်ခဲ့ရင် ပိုလို့တောင်ဆိုးရွားမှာဖြစ်ပြီး နိုင်ပွဲရခဲ့တာက ကြီးမားတဲ့ အောင်ပွဲဖြစ်ကြောင်း နည်းပြရန်းနစ်ခ်က ပြောသွားပါတယ်။