close

နတ်တလင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ၅ ဦး သေဆုံး

ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ နတ်တလင်း PDF တပ်ဖွဲ့ကနေ သိရပါတယ်။

နတ်တလင်းမြို့အရှေ့ဘက် ပဲခူးရိုးမနားက တောင်ညိုစခန်းကနေ စခန်းကြီးဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၀ နာရီခွဲလောက်မှာ နတ်တလင်း PDF(Phoenix DF) တပ်ဖွဲ့နဲ့ ဇီးကုန်း PDF တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ နတ်တလင်း PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခုတိုက်ပွဲဟာ နွေဦးတော်လှန်ရေးမှာ မတရားဖမ်းဆီး သတ်ဖြတ်ခံရသူတွေအတွက် သွေးကြွေးဆပ်တာဖြစ်သလို ၂ ခြောက်လုံးနေ့ အထိမ်းမှတ်အဖြစ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

နတ်တလင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းမှာလည်း နတ်တလင်း PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up