ရုရှားနိုင်ငံတွင် စစ်ပွဲဆန့်ကျင်ရေးဆန္ဒပြသူ ၁၄၀၀ နီးပါး ဖမ်းဆီးခံရ

4
ရုရှားနိုင်ငံ အဓိက မြို့ကြီး ၅၁ မြို့မှာ ဖေဖော်ဝါရီ ၂၄ ရက်က စစ်ပွဲဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး ရဲတွေက ဆန္ဒပြသူ ၁၄၀၀ ခန့် ကို ဖမ်းဆီးခဲ့ပါတယ်။
ဆန္ဒပြသူတဦးက “ပဋိပက္ခကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလို့ရတယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်စရာ ဘာအကြောင်းမှ မရှိဘူးလို့ ပြောတာပါ။ နောက်တဦးကလည်း ပူတင်ဟာ စစ်ပွဲကို ရပ်ရမယ်၊ သူတဦးထဲ စစ်တိုက်ဖို့ ဆုံးဖြတ် အမိန့်ပေးနေလို့ မရဘူး။ ပြည်သူအများစု သဘောမတူဘူး” လို့ ပြောပါတယ်။