ခန္တီးမြို့တွင် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဖေဖော်ဝါရီ ၂၁ ရက်က အမျိုးသမီး တယောက်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
"ဒီနေ့ နေ့လယ် ၁ နာရီမှာ စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းဆီးသွားတယ်။ PDFတွေ ထောက်ပံ့လို့ဆိုပြီး စစ်ကား နှစ်စီးနဲ့ ဖမ်းသွားတယ်၊ ပေါ်မိုင်းရပ်ကွက်မှာရှိတဲ့နေအိမ်မှာ ဖမ်းခံရတယ်။ အခုဖမ်းခံရသူက မအေးသီရိနိုင်” လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ မအေးသီရိနိုင်ဟာ နေမကောင်းဖြစ်နေပြီး ကျန်မာရေးအတွက် စိုးရိမ်ရကာ ဘာကြောင့် ဖမ်းဆီးထားတယ်ဆိုတာ အခုချိန်ထိမသိရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာပို့စ်တင်တဲ့ နိုင်ငံတဝန်းက ပြည်သူတွေကို နေ့စဉ်စောင့်ကြည့်ပြီး အကြမ်းဖက်မှုတွေနဲ့ ဖမ်းဆီးအရေးယူနေတာဖြစ်ပါတယ်။