close

ကလေးမြို့နယ် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သိမ်းယူ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သံဖိုကျေးရွာအနောက်ဘက် ‌ချင်းတောင်ခြေရင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က PDF စခန်းလို့ပြောဆိုပြီး ဖေဖော်ဝါရီ  ၂၄ ရက်က  လက်နက်ကြီးတွေနဲ့ ပစ်ခတ်သိမ်းယူသွားပါတယ်။ 

အဆိုပါစစ်ရှောင်စခန်းမှာ သံဖိုကျေးရွာက စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်နေထိုင်နေကြပြီး လက်နက်ကြီးနဲ့ပစ်ခတ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ယောက် ဦးခေါင်းမှာ ကျည်ဆန်ထိမှန်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ 

စစ်ဘေးရှောင်စခန်းကို အခုလိုတိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ တောထဲကို ဆက်လက်ပြေးလွှား ထွက်ခွာနေရတယ်လို့သိရပါတယ်။  

အခုလို စစ်ဘေးရှောင်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းတွေမှာ သံဖိုကျေးရွာနားမှာရှိတဲ့ PDF စခန်းတစ်ခုကို သိမ်းပိုက်လိုက်နိုင်ပြီလို့ ရေးသားဖော်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up