ပြည်သူနှင့်အတူရှိကြောင်း ယူကရိန်းသမ္မတ ရုပ်သံလွှင့် ပြသ

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ကိယက်ဗ်မြို့တော်မှာ ပြည်သူတွေနဲ့အတူ ဆက်ရှိနေကြောင်း သူကိုယ်တိုင် ဗွီဒီယို လွှင့်ခဲ့ပါတယ်။
သူနဲ့အတူ ဝန်ကြီးချုပ် ဒန်းညီ ရှမ်ဂဲ အပါအဝင် အကြံပေးတွေအားလုံး ရှိနေတယ်လို့ ပြောပါတယ်။ ဖုန်းပေါ်မှာ ရက်စွဲနဲ့ အချိန်ကိုလည်း အတိအကျဖော်ပြပါတယ်။
ဇလန်းစကီးက ယူကရိန်းအတွက် ဂုဏ်ယူတယ်လို့ ပြောပြီး သူ့အကြံပေးတွေကလည်း ယူကရိန်းသူရဲကောင်းတွေအတွက် ဂုဏ်ယူပါတယ်လို့ ပြောတာပါ။
ဇလန်းစကီးက ရုရှားက သူ့ကို ပစ်မှတ် နံပါတ်တစ်ထားတယ်လို့လည်း ပြောပါတယ်။ ကိယက်ဗ်မြို့တော်ဝန်က အဖျက်သမားတွေ မြို့ထဲဝင်ဖို့ ကြိုးစားနေတာကြောင့် မြို့စွန်တွေမှာ တိုက်ပွဲတွေဖြစ်နေပြီး လမ်းတချို့ကို စွန့်လွှတ်ခဲ့ရတယ်လို့ ပြောပါတယ်။
အစိုးရက ကိယက်ဗ်မှာ နေထိုင်သူတွေကို မထရိုဘူတာရုံတွေမှာ ခိုလှုံခိုင်းထားပြီး ရုရှားတပ်တွေ ဝင်လာရင် Molotov cocktails ခေါ် ရေနံဆီပုလင်း မီးရှို့ပစ်ဖို့ ပြောထားတာပါ။