ဂျာမနီ ကာကွယ်ရေးအသုံးစရိတ် ယူရို ၁၀၀ ဘီလီယံ သုံးစွဲမည်

ယူကရိန်းထဲ ရုရှား ဝင်ရောက်ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂျာမနီက ကာကွယ်ရေးအသုံးစရိတ် နိုင်ငံ့ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကျော် တိုးမြှင့်သုံးစွဲမယ်လို့ ဝန်ကြီးချုပ်အိုလက်ဖ်ရှို့ဇ်က ဂျာမန်အောက်လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
အခုနှစ် ၂၀၂၂ ဘတ်ဂျက်မှာ စစ်လက်နက်ပစ္စည်းအတွက် ယူရိုငွေ ၁၀၀ ဘီလီယံ စတင်ရင်းနှီးမြှုပ်နှံမယ်လို့ ပြောခဲ့တာပါ။
အိုလက်ဖ်ရှို့ဇ်က “အခုကစပြီး နှစ်စဉ် ဂျီဒီပီ ၂ ရာခိုင်နှုန်းကျော် ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှာပါ။ ယူရို ၁၀၀ ဘီလီယံဝန်းကျင် ရှိမှာပါ။ ကျနော်တို့ အတွေးတွေက အခုနေ့ရက်တွေမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ကာကွယ်နေကြတဲ့ ယူကရိန်းပြည်သူတွေနဲ့ တသားတည်းပါပဲ။ ဒီစစ်ပွဲက ယူကရိန်းအတွက် ကပ်ဆိုးပါ၊ ဒါပေမဲ့ ရုရှားအတွက်လည်း ကံဆိုးမိုးမှောင်ကျမှု ဖြစ်လာတော့မှာပါ” လို့ ပြောပါတယ်။