ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ချက်ချင်းလက်ခံခွင့်ပြုရန် ယူကရိန်းသမ္မတ တောင်းဆို

ယူကရိန်းသမ္မတ ဗိုလိုဒိုမြာဇေလန်စကီက ရုရှားတပ်တွေရဲ့ ကျူးကျော်စစ်ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတဲ့ သူ့နိုင်ငံကို ဥရောသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် အထူးအစီအစဉ်အောက်ကနေ ချက်ချင်း လက်ခံခွင့်ပြုဖို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
“ကျနော်တို့ရဲ့ ပန်းတိုင်က ဥရောပသားတွေ အားလုံးနဲ့အတူ အရေးအကြီးဆုံးအနေနဲ့ ညီတူညီမျှ ဖြစ်ချင်တယ်။ ဒါဟာ မျှတတယ်ဆိုတာ ကျနော် သေချာပါတယ်။ ကျနော်တို့က ထိုက်တန်တယ်” လို့လည်း သေချာပါတယ်လို့ လူမှုကွန်ရက်မီဒီယာပေါ်မှာ မျှဝေထားတဲ့ ရုပ်သံမိန့်ခွန်းထဲမှာ ဇေလန်စကီက ပြောပါတယ်။
ဇေလန်စကီရဲ့ အကြံပေးကလည်း ရုရှားနဲ့ ဘဲလာရုစ် စစ်သည်တွေနဲ့ အရာရှိတွေအနေနဲ့ ရာဇဝတ်သားရဲ့ အမိန့်ကို အာခံပြီး ယူကရိန်းနဲ့ တိုက်ပွဲမှာ လက်နက်ချကြဖို့ ဖေဖော်ဝါရီ ၂၇ ရက်က မေတ္တာရပ်ခံခဲ့ပါတယ်။
“တရက်၊ နှစ်ရက်အတွင်းမှာ ခင်ဗျားတို့ဟာ ခုခံစစ်ထဲမှာ နစ်မြုပ်တော့မယ်ဆိုတာ လုံးဝကို အရှင်းကြီးပါ။ ခင်ဗျားတို့ရဲ့စစ်တိုင်းက ခင်ဗျားတို့ကို အသားတုံးတွေလို အသုံးချနေတာ။ လက်နက်ချတာကို ရှက်စရာလို့ မစဉ်းစားဘူး။ အခုအနေအထားမှာ လက်နက်ချတာဟာ စစ်တပ်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနေတာလို့ ကျနော်က ရှုမြင်တယ်။ ဒီထက်ပိုပြီး ခင်ဗျားတို့ဟာ စစ်ပွဲကို ဆန့်ကျင်တဲ့နည်းနဲ့ ဘဝရဲ့ အပြင်းထန်ဆုံး ရွေးချယ်မှုကို ရွေးနေကြတာ”လို့ သမ္မတရဲ့ အကြံပေး အိုလက်ဆီ အာရက်စတိုဗစ်ချ်က ပြောပါတယ်။
ရုရှားစစ်သည် အများအပြားက လက်နက်ချဖို့ ယူကရိန်းအရပ်သားတွေနဲ့ စပြီး သဘောတူနေကြပြီ လို့လည်း သူက ရည်ညွှန်းပြောဆိုပါတယ်။