close

ရုရှားကို အထီးကျန်အောင် အရေးယူရန် ကုလအထွေထွေညီလာခံ ဆုံးဖြတ်မည်

အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံက ယူကရိန်းပြဿနာအတွက် အရေးပေါ်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပခဲ့ပါတယ်။

ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုအတွက် ရုရှားကို အထီးကျန်စေဖို့နဲ့ ရုရှားတပ်တွေ ပြန်လည်ရုပ်သိမ်းခိုင်းဖို့ မဲခွဲဆုံးဖြတ်မှုကို ဒီတပတ်ထဲ လုပ်မှာ ဖြစ်ပါတယ်။

အထွေထွေညီလာခံမှာ ဘယ်နိုင်ငံမှ ဗီတိုပယ်ချခွင့်မရှိတဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့ အဖွဲ့ဝင်နိုင်ငံ သုံးပုံနှစ်ပုံရဲ့ ထောက်ခံမှုရရှိမယ်လို့ အနောက်အုပ်စု သံတမန်တွေက မျှော်လင့်နေတာပါ။

ဆုံးဖြတ်ချက်က နိုင်ငံရေးလုပ်ပိုင်ခွင့်ပါဝါ အများကြီး ရှိပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားကို အထီးကျန်အောင်လုပ်ဖို့ ယူကရိန်းထဲ ကျူးကျော်ခဲ့မှုကို အခွင့်အရေးတခုအဖြစ် အသုံးချမှာပါ။

ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ်က ၁၉၄၅ ခုနှစ် ဘန်ကာတခုထဲမှာ ဟစ်တလာ သတ်သေမှုကို ရည်ညွှန်းပြီး “ပူတင်ဟာ နျူကလီးယားလက်နက်ကို အသုံးပြုရမှာတော့ မဟုတ်ဘူး၊ ဟစ်တလာလိုပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေရမှာ” လို့ ပြောပါတယ်။

နောက် သူက “ယူကရိန်း ဆက်လက်မရှင်သန်ရင် နိုင်ငံတကာငြိမ်းချမ်းရေး ဆက်မရှင်သန်နိုင်ဘူး၊ ယူကရိန်း ဆက်မရှင်သန်နိုင်ရင် ကုလသမဂ္ဂလည်း မရှင်သန်နိုင်တော့ဘူး” လို့ ပြောသွားတာပါ။

ရုရှားသံအမတ်ကတော့ “မီဒီယာတွေ လူမှုကွန်ရက်တွေက မယုံကြည်နိုင်လောက်အောင် သတင်းမှားတွေ ပုံဖျက်ဖြန့်ချိနေတယ်။ ရုရှားတပ်တွေက အရပ်သားတွေကို အန္တရာယ်မပြုဘူး၊ လူနေအိမ်တွေပေါ် ဗုံးမကြဲဘူး၊ ယူကရိန်းပြည်သူတွေ ပုံမှန်အတိုင်း သွားလာနိုင်ကြပါတယ်၊ ချာနိုဘိုင်းနျူကလီးယားစက်ရုံလည်း ပုံမှန်အတိုင်း လည်ပတ်နေပါတယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up