close

အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်

ဝါရှင်တန်မှာ အခုလအတွင်းကျင်းပမယ့် အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်ကြားမှာ မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်ကြားမယ်လို့ သိရပါတယ်။ 

သမ္မတ ဂျိုးဘိုင်ဒင်ဟာ မတ် ၂၈ နဲ့ ၂၉ ရက်တို့မှာ အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အထူးထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပဖို့ စီစဉ်ထားတာပါ။

နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ မြန်မာကိုယ်စားလှယ်တယောက်ကိုသာ အစည်းအဝေးတက်ဖို့ ဖိတ်ကြားမှာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဦးဆောင်မှုကို လိုက်နာမှာ ဖြစ်ကြောင်း အမေရိကန်ဘက်က ပြောတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးနယ်က မဟုတ်တဲ့ ကိုယ်စားလှယ်တွေကို အာဆီယံအဆင့်မြင့် အစည်းအဝေးပွဲတွေမှာဖိတ်ကြားဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ထောက်ခံပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးတာဝန်ယူထားသူမဟုတ်တဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားဖို့လည်း ဆုံးဖြတ်ထားကြောင်းနဲ့ စစ်အုပ်စုက အာဆီယံရဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်အရ အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှုကို မဖော်ဆောင်နိုင်ခဲ့တဲ့အတွက် တာဝန်ခံသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မြန်မာကိုယ်စားလှယ် ဘယ်သူဖြစ်မလဲ ဆိုတာကို မေးမြန်းရာမှာတော့ အမေရိကန် တာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို အစည်အဝေး တက်ခွင့်မပြုခဲ့သလို  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း စစ်ကောင်စီ ဝန်ကြီး တက်ရောက်ခွင့် မရခဲ့ပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up